ရေရှားပါးသည့်ကျေးရွာများသို့ ရေပြတ်လပ်မှု မရှိစေရေးအတွက် သောက်ရေ ၁၈၀၀ ဂါလံ သွားရောက် လှူဒါန်းပေး

ဆီဆိုင် မတ် ၁၇

နှစ်စဉ်နှစ်တိုင်း နွေရာသီကာလတွင် သောက်သုံးရေ အခက်အခဲကြုံတွေ့နေရသည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျော ကျေးရွာအုပ်စု၊ ထီဟန်ထွိုင်းကျေးရွာနှင့် လိုက်တနျားကျေးရွာသို့ သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးနှင့် သောက်ရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ကျေးရွာအရောက် သောက်ရေများ သွားရောက် လှူဒါန်းပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ  သွားရောက်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

သောက်သုံးရေ သွားရောက်လှူဒါန်းပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းနှင့် နောင်ကျောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်နိုင် တို့က နောင်ကျောကျေးရွာအုပ်စု၊ ထီဟန်ထွိုင်းကျေးရွာနှင့် လိုက်တနျားကျေးရွာတို့ရှိ အိမ် ခြေ (၅၄)၊ လူဦးရေ(၃၅၆)ဦးခန့်အတွက် သောက်ရေဂါလံ ၁၈၀၀ အား စနစ်တကျ ဖြန့်ဝေ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ရွာမှာ ရေတွင်းတော့ရှိတယ်၊ နွေရာသီရောက်တိုင်း ရေထွက်မှာ ရေခန်းခြောက်ပြီး ၅ ဂါလံ ရေတစ်ဘူးရရှိရေးအတွက် အချိန်နာရီဝက်ခန့် ကြာမြင့်ပါတယ်” ဟု ထီဟန်ထွိုင်း ကျေးရွာမှ မွိုးလောင်းထံမှ သိရသည်။

“နှစ်စဉ်နှစ်တိုင်း ၂ လပိုင်းမှ ၅ လပိုင်းအထိ ၄ လတာအတွက် ရေရှားပါးမှုဒဏ်ကို နှစ်စဉ် ခံစားနေရတယ်၊ ဆိုင်ကယ်ရှိတဲ့အိမ်က လေးမိုင်ခန့်ဝေးတဲ့ ကောင်းမူဗွာကျေးရွာသို့ သွားရောက် ခပ်ယူရတယ်” ဟု နန်းသဲင်ကေားမှ ပြောကြားသည်။

ခွန်ရဲထွေး(ဆီဆိုင်)