ဖာပွန်မြို့၌ တောင်သူများ မြေဩဇာအချိုးညီစနစ်တကျကျွေးနိုင်ရေးကွင်းဆင်းဆောင်ရွက်

ဖာပွန် မတ်   ၁၆

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ဒေသခံတောင်သူများ မြေဩဇာအချိုးညီ စနစ်တကျကျွေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဖာပွန်မြို့နယ်၊ ဝှေဆန်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်စိုးက တောင်သူများ မြေဩဇာအချိုးညီစနစ်တကျကျွေးနိုင်ရန်အတွက် (IHTDV) ဘက်စုံစံပြစိုက်ခင်းဧရိယာအတွင်း ကိုယ်စားပြု မြေနမူယူခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ (မြေ၊ မျိုး၊ ပိုး)တာဝန်ခံနှင့် ဝန်ထမ်းများက မြေဩဇာအချိုးညီ စနစ်တကျကျွေးနိုင်ရေးအသုံးပြုပုံအဆင့်ဆင့်ကို လက်တွေ့ သရုပ်ပြသခဲ့ ကြောင်း သိရသည်။

စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်/ဆက်)