မန္တလေးမြို့တွင် တိုင်းဒေသကြီး၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အရာရှိများနှင့် တရားဥပဒေစိုးမိုးရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

မန္တလေး  မတ်  ၁၃

တိုင်းဒေသကြီး၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အရာရှိများနှင့် တရားဥပဒေစိုးမိုးရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မန္တလေးမြို့၊ ၆၄ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ တရားဥပဒေ စိုးမိုးရေးစင်တာတွင် ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးက အဖွင့်အမှာစကား ပြောကြားပြီး International Development Law Organization (IDLO) အဖွဲ့၏ Country မန်နေဂျာ Ms. Morgane Landel က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးပြီး အလုပ်ရုံ ဆွေးနွေးပွဲအား ဆက်လက် ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲကို မတ် ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ အရာရှိများ၊ IDLO အဖွဲ့မှ တာဝန်ရှိသူများ၊ တရား ဥပဒေ စိုးမိုးရေးစင်တာမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

သန်းဇော်မင်း(ပြန်/ဆက်)