ဝမ်းတွင်း မတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာများအနေဖြင့် သောက်သုံးရေ ရှားပါးပြတ်လပ်မှုများ ကြုံတွေ့လာပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ဆက်သွယ်၍ အကူအညီများ တောင်းခံနိုင်ပါကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ရီရီဦး ထံမှ သိရသည်။
ဝမ်းတွင်းမြို့နယ် အနေဖြင့် ကျေးရွာအုပ်စု (၇၅) အုပ်စု၊ ကျေးရွာပေါင်း (၂၁၈) ရွာရှိသော မြို့နယ်တစ်ခုဖြစ်ပြီး ယခုနှစ်နွေရာသီတွင် သောက်သုံးရေများ ပြတ်လပ်မှုရှိလာပါက လိုအပ်သောကူညီဆောင်ရွက်မှုများ အချိန်နှင့်တစ်ပြေးညီ ပေးနိုင်ရန် ဒေသခံပြည်သူများ အနေဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ရီရီဦး ဖုန်း-၀၉၇၉၇၅၄၀၃၆၁၊ ဒေါ်အိအိသော် (ဦးစီးအရာရှိ) ဖုန်း-၀၉၄၃၀၁၇၈၅၀၊ ဒေါ်ထက်ထက်လင်း (ဒုတိယဦးစီးမှူး) ဖုန်း-၀၉၂၅၃၉၈၇၁၁၂၊ ဒေါ်သီတာသိမ့် (ဒုတိ ယဦးစီးမှူး) ဖုန်း-၀၉၂၅၆၅၆၉၅၇၈၊ ဒေါ်အေးအေးအောင် (ဒုတိယဦးစီးမှူး) ဖုန်း-၀၉၅၄၈၇၅၈၈၀၊ ဒေါ်ဆုပြည့်မျိုးလှိုင် (အငယ်တန်းအင်ဂျင်နီယာ-၂) ဖုန်း-၀၉၉၇၀၁၄၂၈၀၂ များသို့ အကူညီတောင်းခံနိုင်ကြောင်း ဒေါ်အေးအေးအောင် (ဒုတိယဦးစီးမှူး) က ပြောပြသည်။
ဌေးလှိုင်(ဝမ်းတွင်း)