စည်ပင်သာယာရေးဝန်ထမ်းများကို ကိုရိုနာဗိုင်းရပ်(စ်)ရောဂါအကြောင်း အသိအပညာပေး ဟောပြော

ဟင်္သာတ  မတ်  ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့က ဦးဆောင်ပြီး ကိုရိုနာဗိုင်းရပ်(စ်)ရောဂါအသိပညာပေး ဟောပြောပွဲကို  ယနေ့မွန်းလွဲ ၂ နာရီက မြို့နယ်စည်ပင်သာယာရေးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်က  အဖွင့်အမှာစကားပြောကြားပြီး အမှုဆောင်အရာရှိ ဦးတင့်လွင်ဦးက ကိုရိုနာဗိုင်းရပ်(စ်)ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးသန္တာကြည်နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမူတို့က ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသည့် အကြောင်းအရင်း၊ ရောဂါကူးစက်ပြန့်ပွားနိုင်မှု၊ ရောဂါကာကွယ်ရန် နည်းလမ်းများကို အသိပညာပေး ဟောပြောခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရုံးအဖွဲ့များ၊ စည်ပင်သာယာရေးဝန်ထမ်းများ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)