ပူတာအိုခရိုင်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက်၂၀၂၂-ခုနှစ် မိုးရာသီ  စုပေါင်း သစ်ပင်စိုက်ပျိုး

ပူတာအို ဇွန် ၅

ကချင်ပြည်နယ်၊ ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်ရှိ လီဆူစာပေနှင့်ယဉ်ကျေးမှု ခြံ၀င်းအတွင်း ယမန်နေ့ နံနက်()နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်ဦးဆောင်မှု၊ မြို့နယ်သစ်တောဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် သဘာ၀ပတ်၀န်းကျင် စိမ်းလန်းစိုပြေစေပြီး ဂေဟစနစ် ပိုမိုကောင်းမွန် လာစေရန်အတွက် ပူတာအိုခရိုင်၏ ၂၀၂၂-ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲကို သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာ၀ပတ်၀န်းကျင် စိမ်းလန်းစိုပြေ၍ ဒေသအပူချိန် လျော့ချနိုင်စေရန်နှင့် ဂေဟစနစ် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးနှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ စုစုပေါင်း အင်အား (၈၀၀)ဦးတို့က အမြင့်နှစ်ပေနှင့် အထက်ရှိ ပျိုးပင်များဖြစ်ကြသော ရေပိတုန်း အပင်(၆၀၀)၊ သစ်အယ်အပင် (၄၀၀)စုစုပေါင်းသစ်ပျိုးပင် (၁၀၀၀)တို့ကို သတ်မှတ်နေရာများတွင် တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ယခုစိုက်ပျိုးပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခေါင်လန်ဒီး ဦးဆောင်လျက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ ပါဝင်စိုက်ပျိုးခဲ့ကြောင်း၊ မြို့နယ် သစ်တောဦးစီးဌာနရှိ ပျိုးယျာဉ်အတွင်း ပျိုးပင်ပေါင်း(၁၉၄၀၀)ကို ယခုနှစ်မိုးရာသီအတွက်ပျိုးထောင်ထားရှိကြောင်း၊ ၎င်းပျိုးထောင်ထားရှိသည့် ပျိုးပင်များကို မိုးကျရာသီဖြစ်သည့် ဇွန်လအတွင်း စုပေါင်း သစ်ပင်စိုက်ပျိုးလျက် ရှိသည့်အပြင် ပျိုးယျာဉ်အတွင်း ပျိုးထောင်ထားရှိသည့် အပင်အမြင့် ()ပေနှင့်အထက်ရှိ ပျိုးပင်များကိုလည်း စိုက်ပျိုးလိုသူ ပြည်သူများ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့ များသို့ အခမဲ့ ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညိုဦးထံမှ သိရသည်။

ဖုန်ကန်(ပြန်/ဆက်)