ရန်ကုန် မတ် ၁၂
အမြင်သစ် စာကြည့်တိုက် (အင်းစိန်)သည် နွေရာသီ(အခမဲ့) ကွန်ပျူတာသင်တန်း၊ ပန်းချီ အခြေခံသင်တန်းများ ဖွင့်ပွဲကို ယနေ့ နံနက်(၈)နာရီအချိန်က အဆိုပါစာကြည့်တိုက်တွင် ကျင်းပခဲ့သည်။
ဖွင့်ပွဲတွင် စာကြည့်တိုက် ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအုန်းရွှေက အဖွင့်အမှာစကားပြော ကြားပြီး စာရေးဆရာ ရန်မိုးအောင် (အင်းစိန်)မှ မုဒိတာစကား ပြောကြားခဲ့သည်။ အခမဲ့ကွန်ပျူတာ သင်တန်းတွင် ပဉ္စမတန်းမှ နဝမတန်းအထိ ကျောင်းသားကျောင်းသူ (၁၂၀)ဦးနှင့် ပန်းချီအခြေခံ သင်တန်းသို့ အထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့် ကျောင်းသားကျောင်းသူ (၆၀)ဦးတို့ တက်ရောက်မည်ဖြစ်ပြီး နာယကကြီး ဦးကျော်သိန်းမှ ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သိရသည်။
မျိုးသန့်(အင်းစိန်)