ပန်းတနော်မြို့နယ်၊ ယင်းယိုကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အ​ခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကျင်းပ

ပန်းတနော် မတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ယင်းယိုကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးနိုင်ထူးက အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးဇေယျာနိုင်က အသက်မွေးဝမ်းကျောင်းသင်တန်းများဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်လာသောကြောင့် စက်ချုပ်ခြင်းအား အလွယ်တကူသင်ယူလေ့လာနိုင်ကြောင်း၊  မိမိတို့ အိမ်မှုကိစ္စမပျက်စေဘဲ မိသားစုဝင်ငွေရှာဖွေနိုင်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် အကျိုးပိုမိုဖြစ်စေသော အတတ်ပညာမျိုးအားဆက်လက်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း  ပြောကြားသည်။

အဆိုပါသင်တန်းအား (၁)လကြာ လက်တွေ့သင်ကြားပေးခဲ့ပြီး သင်တန်းသူ(၃၀)ဦး တက်ရောက်သင်ကြားခဲ့ရာ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးချမ်းအောင်(ပန်းတနော်)