နွေရာသီကျောင်းပိတ်ရက်များတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ သင်တန်း(၃)ခု ဖွင့်လှစ်သင်ကြားပေးသွားမည်

ဝမ်းတွင်း မတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် နွေရာသီကျောင်းပိတ်ရက်များ၌ အခြေခံသင်တန်း(၃)ခုကို ဖွင့်လှစ်သင်ကြားပေးသွားဖြစ်ကြောင်း သိရသည်။

အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အခြေခံအင်္ဂလိပ်စာသင်တန်းကို မတ် ၂၁ ရက်နေ့မှ ၃၀ ရက်နေ့အထိလည်းကောင်း၊ အခြေခံကြက်ခြေနီသင်တန်းကို မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်နေ့အထိလည်းကောင်း၊ ကျောင်း သား လူငယ်ဘင်ခရာသင်တန်းကို ဧပြီ ၁၉ မှ မေ ၁၉ ရက်နေ့အထိလည်းကောင်း သင်ကြားပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ (Grade-6,7,8,9)တို့မှ ကျောင်းသား/ကျောင်းသူ(၂၄၅)ဦး တက်ရောက် မည်ဖြစ်ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)