မိတ္ထီလာ မတ် ၁၁
မိတ္ထီလာမြို့နယ်၌ ကလေးများအတွက် သင်ကြားသင်ယူမှု ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး၊ Upper KMN မှ KG နှင့် မူကြိုကလေးများအတွက် လည်ပတ်ရန်ပုံငွေများ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပခဲ့ကြောင်း သိရသည်။
လည်ပတ်ရန်ပုံငွေများ ပေးအပ်ပွဲတွင် Upper KMN မှ မန်နေဂျာ ဦးစိုးမိုးမှ လည်ပတ်ရန်ပုံငွေများ ပေးအပ်ခြင်း ရည်ရွယ်ချက်နှင့် CLED ကော်မတီဝင်များ လိုက်နာလုပ်ဆောင်ရမည့် တာဝန် ဝတ္တရားများအား ရှင်းလင်း ပြောကြားခဲ့ပြီး Upper KMN မှ ဒေါ်နန်းမြင့်ဦး က ကျေးရွာအလိုက် CLED ကော်မတီဝင်များမှ ရရှိသည့် လည်ပတ်ရန်ပုံငွေအား တိုးပွားလာစေရန် ဆောင်ရွက်သွားမည့် နည်းလမ်းများနှင့် ကလေးများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ကလေးများအတွက် သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ဖွံ့ဖြိုး တိုးတက်ရေးအတွက် Upper KMN မှ KG နှင့် မူကြိုကလေးများအတွက် လည်ပတ်ရန်ပုံငွေများကို Upper KMN မှ မန်နေဂျာ ဦးစိုးမိုးနှင့် တာဝန်ရှိသူများက CLED ကော်မတီဝင်များအား အသီးသီးပေးအပ်ခဲ့ရာ ခါးကော့ကျေးရွာမှ CLED ကော်မတီဝင် ဒေါ်စိန်မြင့်ရီ က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ကလေးများအတွက် သင်ကြားသင်ယူမှု ပတ်ဝန်းကျင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် Upper KMN မှ KG နှင့် မူကြိုကလေးများအတွက် CLED စီမံချက်ကို ကျေးရွာတစ်ရွာလျှင် လည်ပတ်ရန်ပုံငွေ (၅)သိန်းနှုန်းဖြင့် မကျီးချောက်၊ လက်ပံခါးကော့၊ မကျီးပင်ပု၊ ချောက်ပင်၊ ဥယျာဉ်ကျေးရွာ (၅)ရွာ တို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(ခရိုင်ပြန်ဆက်)