သတင်းများ

ကျောက်တန်းမြို့နယ်တွင်  ပင်လယ်လိပ်များထိန်းသိမ်းကာကွယ်ခြင်း အသိပညာပေးဆိုင်းဘုတ်များစိုက်ထူ
Aug 14,2020
အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့နှင့် ကျောက်တန်းမြို့နယ် ငါးလုပ်ငန်းဦးစီး ဌာနတို့ ပူးပေါင်း၍  ကျောက်တန်းမြို့နယ် ပန်တောစံပြကျေးရွာ ကျောက်မရဲဇက်ဆိပ်တွင် ယမန်နေ့ နေ့လယ် ပိုင်းက ပင်လယ်လိပ်များထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်များကို စိုက်ထူဆောင်ရွက် ခဲ့ ကြောင်းသိရသည်။
ဓနုဖြူမြို့နယ်၌ အခြေခံပညာ အထက်တန်းကျောင်းများ ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများ နှင့်အညီ စီစဉ်ဆောင်ရွက်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့ နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာ အထက်တန်းကျောင်းများ ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများ နှင့်အညီ စီစဉ်ဆောင်ရွက်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက အခြေခံပညာ အထက်တန်းကျောင်းများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
သုံးခွမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းနှင့် Cash for Work (CFW) စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ
Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းနှင့် Cash for Work
ပန်းတောင်းမြို့နယ်တွင် ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ဖော်ပြရန် သတ်မှတ်ထားသည့် အချက်အလက်များ ဖော်ပြထားမှုရှိ၊ မရှိ စိစစ်ဆောင်ရွက်
Aug 14,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ် စျေးကွက်စောင့်ကြည့် စစ်ဆေးရေး အဖွဲ့များနှင့် ပူးပေါင်းကာ ယမန်နေ့ နံနက်ပိုင်းက ထုံးဘိုမြို့အတွင်း ဦးစားပေးဆောင်ရွက်ရန် သတ်မှတ်ထားသော ကုန်စည်(၁၀)မျိုးမှ ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ဖော်ပြရန် သတ်မှတ်ထားသည့် အချက်အလက်များ ဖော်ပြထားမှု ရှိ၊ မရှိ ​စျေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်တွင် We Love Yangon (Ahlone) လူထုအခြေပြု ပရဟိတအဖွဲ့မှ ချို့တဲ့သည့်မိသားစုများအား စား​သောက်ကုန်များ လှူဒါန်း
Aug 14,2020
We Love Yangon (Ahlone) လူထုအခြေပြုပရဟိတအဖွဲ့မှ အလုံမြို့နယ်ရှိနွမ်းပါးမိသားစုများအား စား​သောက်ကုန်များကို ယ​နေ့နံနက် (၉)အချိန်က  လက်ဝယ်အ​ရောက် သွား​ရောက်လှူဒါန်းခဲ့​ကြောင်းသိရသည်။
မွန်ပြည်နယ် မုဒုံမြို့နယ်၌ သဘာဝဆိုးဆေး လက်သုတ်ပုဝါ(လက်ရက်ကန်း)လက်တွေ့ လုပ်ငန်းခွင်သင်တန်းဖွင့်လှစ်
Aug 14,2020
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်း ကျောင်းတွင် ယနေ့နံနက်(၉)နာရီက သဘာဝဆိုးဆေး လက်သုတ်ပုဝါ (လက်ရက် ကန်း) ဖြင့် လက်တွေ့ လုပ်ငန်းခွင် သင်တန်းဖွင့်လှစ်ကြောင်းသိရသည်။
ကျိုင်းလပ်မြို့၌ ကလေးငယ်များအား ဗီတာမင်(A)နှင့် သံချဆေးများတိုက်ကျွေး
Aug 14,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ နမ့်ငေါ့ကျေးလက် ကျန်းမာရေး ဦးစီးဌာနခွဲမှ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ၆ လမှ ၉ နှစ်အရွယ်ကလေးများအား ဗီတာမင်(A)နှင့် သန်ချဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက် ၆ လမှ ၅ နှစ်အထိ ကလေးများအား ဗီတာမင်(A)ကိုလည်းကောင်း၊ အသက် ၂ နှစ်မှ ၉ နှစ်အထိ ကလေးများအား သန်ချဆေးကို လည်းကောင်း တိုက်ကျွေးခဲ့ကြောင်း သိရသည်။