သတင်းများ

လသာမြို့နယ်၊ ပြန်/ဆက်ဦးစီးဌာန မြေစိုက်နံရံကပ်ဘုတ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးစာစောင်နှင့် ပိုစတာများပြသ
Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ် ဘုတ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင်နှင့် ပိုစတာများအား ပြသဆောင်ရွက်ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် မဲစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် ကော်မရှင်အဖွဲ့ခွဲများနှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးအဖွဲ့များပူးပေါင်း၍ တညီတညွတ် ဆောင်ရွက်နေ
Aug 14,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်များ၏ အမည်စာရင်းများအား ဇူလိုင်(၂၅)ရက်နေ့မှ စတင်၍ ရပ်ကွက်၊ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေငြာကပ်ထားပေးခဲ့ရာ မဲစာရင်းများ တိကျမှန်ကန်မှု ရှိစေရေးအတွက် သက်ဆိုင်ရာ ကော်မရှင် အဖွဲ့များ၊ ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးအဖွဲ့များ ပူးပေါင်း၍ တညီတညွတ် ဆောင်ရွက်လျက်ရှိသည်။
အလုံမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ကြေညာကပ်ထားမှုအား တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး
Aug 14,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ
တနင်္သာရီမြို့နယ်၊ အနောက်စုကျေးရွာ၌ အသင်းသားများအား ကျေးရွာမတည်စီမံကိန်း (VRFP) ရန်ပုံငွေ ထပ်ဆင့်ထုတ်ချေးပေး
Aug 14,2020
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်း ကျေးရွာအုပ်စု - အနောက်စုကျေး ရွာရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီမှ ၎င်းကျေးရွာမှ အသင်းသားများအား လုပ်ငန်းအမျိုးအစားအလိုက်
လမ်းမတော်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖုံး၊သွန်၊ လဲ၊စစ် နှင့် အဘိတ်ဆေးခတ်ခြင်းများ စဥ်ဆက်မပြတ်ဆောင်ရွက်
Aug 14,2020
မိုးရာသီကာလအတွင်း ခြင်ကြောင့်ဖြစ်ပွါးတတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်ခြေထောက် ရောဂါနှင့် အခြားရောဂါများ မဖြစ်ပွါးစေရေးတို့အတွက် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည် သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ၀န်ထမ်းများ၊မြို့နယ်စည်ပင်သာယာရေ
ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ ပြသဆောင်ရွက်
Aug 14,2020
မော်လမြိုင်ခရိုင်၊ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးခန်းမ တွင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်၊ စာအုပ် ပြပွဲကိုယနေ့ နံနက်၉နာရီက ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ ပြသ ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့နယ်၌ We Love Yangon ပရဟိတအဖွဲ့မှ ကျောင်းသား၊ ကျောင်းသူ(၈၀)ဦးအတွက် အခြေခံစားသောက်ကုန်များလှူဒါန်းပေး
Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၌ Smiling Children Program (Food Distribution) in Myanmar မှ အပြုံးပန်းဝေဆာ ကလေးတို့မှာ အစားအစာ ဝေငှလှူဒါန်းခြင်း အစီအစဉ်အဖြစ် MICHI အဖွဲ့မှ ကျောင်းသား၊ ကျောင်းသူ(၈၀)ဦးအတွက် လှူဒါန်းပေးသော အခြေခံစားသောက်ကုန်များကို We Love Yangon ပရဟိတအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဒဂုံမြို့နယ် We Love Dagon Downtown အဖွဲ့ဝင် များက ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်စည်ပင်သာယာရေးဓမ္မာရုံ၌ ဆောင်ရွက်ကြောင်း သိရသည်။
အင်းတော်မြို့နယ်တွင် နိုင်ငံတော်မှ အခြေခံအိမ်ထောင်စုများသို့ စတုတ္ထအကြိမ်မြောက် ထောက်ပံ့ပေးအပ်သော ထောက်ပံ့ကြေးငွေများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ
Aug 14,2020
ကိုဗစ်-၁၉ ရောဂါအား ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း နိုင်ငံတော်မှ အခြေခံအိမ်ထောင်စု များသို့ စတုတ္ထအကြိမ်မြောက်ပေးအပ်သော ထောက်ပံ့ကြေးငွေများ လွှဲပြောင်းပေးအပ်ပွဲ ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အင်းတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။