သတင်းများ

ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (Book Club) အဖွဲ့ဝင်များ၊ စာပေမြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကျင်းပ
Aug 14,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ
နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP)စခန်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Aug 14,2020
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်တိုက်ပွဲရှောင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း၍ လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ကြူဆော့ (IDP) စခန်းခန်းမ၌ ဆောင်ရွက်ခဲ့သည်။
တွံတေးမြို့နယ်တွင် နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော  အခြေခံလူတန်းစားများအား ငွေကျပ်နှစ်သောင်း ထပ်မံထောက်ပံ့ပေး
Aug 14,2020
နိုင်ငံတော်အစိုးရမှ Covid-19 ကာလအတွင်းဝင်ငွေနည်းပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား များအား ငွေကျပ်နှစ်သောင်းထပ်မံထောက်ပံ့ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်း ခရိုင်၊ တွံတေးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ တော်ဝင်စန္ဒကူး ခန်းမ၌ ယမန်နေ့ နေ့လယ် (၃)နာရီက ကျင်းပခဲသည်။
တန့်ယန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းမှန်ကန်ပြည့်စုံစေရေး ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ - ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ် ကြေညာကပ်ထားပြီးဖြစ်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌ ဦးစံအေးနှင့်တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက မိုင်းကျိုင်၊ ၊ ပန်နွဲ့၊ နမ့်ဟူးလွယ်ကာကျေးရွာများသို့ ကွင်းဆင်း၍ ကြည့်ရှု စစ်ဆေးခဲ့သည်။
ကသာမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ကြေးငွေများ ပေးအပ်
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် အတွင်းရှိ ‌ရပ်ကွက်နှင့် ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းကို ယမန်နေ့က ကသာမြို့နယ်စီ မံခန့်ခွဲမှုကော်မတီ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
နမ့်ခမ်းမြို့နယ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရန် ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်
Aug 14,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက သစ္စာစီမံချက်ဖြင့် နိုင်ငံသားကွင်းဆင်းစီမံချက်လုပ်ငန်းကို နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာ၊ မန်းပူးကျေးရွာနှင့် အနီးအနားရှိကျေးရွာများမှ လူဦးရေစုစုပေါင်း(၄၁၅၆)ဦးအတွက် ဩဂုတ်လ(၁၃)ရက်နေ့မှ စတင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလုပ်ငန်းများပြုလုပ် နိုင်ရန်အတွက် ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်လျက်ရှိသည်။
အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင် ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲများ ဆောင်ရွက်
Aug 14,2020
အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ပြည်သူများ အသိပညာ ရရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ပညာပေး နံရံကပ်စာစောင် ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲများကို ယမန်နေ့ နေ့လယ် ၁ နာရီ ပြည်သူ့စာကြည့်ခန်းမ၌ စတင်ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုသိမ်ခရိုင် ​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ ကိုယ်စားလှယ်​လောင်းများ အမည်စာရင်း တင်သွင်းမှု စတုတ္ထနေ့ ဆက်လက်​ ဆောင်ရွက်
Aug 14,2020
ပုသိမ်ခရိုင်​ ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲမှ ခရိုင်အတွင်းရှိ နိုင်ငံ​ရေးပါတီများမှ ကိုယ်စားလှယ်​လောင်းများ အမည်စာရင်းတင်သွင်းမှု စိစစ်ခြင်းကို စတုတ္ထ​နေ့အဖြစ် ယ​နေ့ နံနက် ၉ နာရီခွဲတွင် ခရိုင်​ကော်မရှင်ရုံး အစည်းအ​ဝေးခန်းမ၌ ဆက်လက်ဆောင်ရွက်သည်။