သတင်းများ

ဟားခါးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ဒုတိယအကြိမ် နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပြည်သူ့လက်ဝယ်အရောက် ထပ်မံထောက်ပံ့ပေးအပ်
Aug 14,2020
ကိုဗစ်-၁၉ ကာလ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်(CERP) လုပ်ငန်းစဉ်အရ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အိမ်ထောင်စု(၁)စုလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် နိုင်ငံတော်က ထပ်မံထောက်ပံ့ ပေးအပ်လျက်ရှိရာ ဟားခါးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုဦးရေ စုစုပေါင်း ၂၇၀၂ အိမ်ထောင်စုအတွက် ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့်အတူ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာအုပ်စုများအထိသွားရောက်၍ အိမ်အရောက် ထောက်ပံ့ပေးမည်ဖြစ်ပြီး ယမန်နေ့မှစ၍ ကွင်းဆင်းကာ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် Book Club နှင့် Women Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းပြုလုပ်
Aug 14,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club နှင့် Women Club အဖွဲ့တို့ ပူးပေါင်း၍ ဆရာအောင်သင်း၏ "နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် Book Club နှင့် womem club အဖွဲ့၀င်များ စာဖတ်ဝိုင်းကျင်းပ
Aug 14,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ် စာစောင် ချစ်မြတ်နိုးသူများ အသင်း Book Club နှင့်
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ (Book Club) စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Aug 14,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များစုစည်း၍ (BookClub) စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လည် ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ရေတိုက်စား၍ ပြိုကျခဲ့သည့် ကမ်းထိန်းနံရံ အမြန်ဆုံး ပြန်လည် ပြုပြင်ရန်နှင့် နောက်ထပ် ပြိုကျမှုမဖြစ်စေရေး သဲခင်းဖို့ကာရံခြင်း လုပ်ငန်း ဆောင်ရွက်
Aug 14,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဩဂုတ် ၁၂ ရက်က ဒီရေတက်ချိန် ရေတိုက်စားခြင်းကြောင့် ပြိုကျပျက်စီးခဲ့သည့် ဆိပ်ကြီးအရှေ့ရပ်ကွက်၊
ဖျာပုံ​ခရိုင်အတွင်း Cash For Work စီမံချက်ဖြင့် ဆည်မြောင်းလုပ်ငန်းများဆောင်ရွက်
Aug 14,2020
ကိုဗစ် - ၁၉ ရောဂါကြောင့် စီးပွားရေးထိခိုက်မှုအပေါ် ပြန်လည်ကုစားရန်အတွက် (COVID-19 Economic Relief Plan – CERP) အစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ Cash For Work စီမံကိန်းထောက်ပံ့ ရန်ပုံငွေဖြင့် ‌ ဖျာပုံ​မြို့နယ်အတွင်းရှိ ကျွန်းပတ်တာ(၇)ခုနှင့် ဒေးဒရဲမြို့နယ်အတွင်းရှိ ပင်လယ်ရေကာတာ(၃)ခုအား တာတမံတောင့်တင်း ခိုင်မာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သရက်ခရိုင်၊ မင်းလှမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်
Aug 14,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးရန်မဲဆန္ဒရှင်စာရင်း၌ အမည်ပါဝင်ပြီး မှတ်ပုံတင်နံပါတ်ဖြည့်သွင်းရန် ကျန်ရှိသူများအား မှန်ကန်မြန်ဆန်စွာ ပြန်လည်ဖြည့်သွင်းနိုင်ရေးအတွက် နိုင်ငံသားစိစစ် ရေးကတ်ပြား များ ပြုလုပ်ဆောင်ရွက် ပေးခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့နံနက်(၉)နာရီက တောင်ဦးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းနှင့် ကောင်းမွန်းသော တိရစ္ဆာန်မွေးမြူးရေး သင်တန်းဖွင့်
Aug 14,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူးရေး GHAP သင်တန်းကို ယမန်နေ့က မြို့နယ်မွေးမြူးရေးနှင့်ကု သရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့သည်။