သတင်းများ

မိုင်းငေါ့မြို့ ကွန်‌ကောက်‌ကျေးရွာ၌ ကလေးငယ်များအား ဗီတာမင်‌အေနှင့် သန်ချဆေးတိုက်ကျွေး
Aug 12,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ကွန်ကောက်ကျေးရွာ၌ ကလေးငယ် များအား ဗီတာမင် အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက် ပေးခဲ့ကြောင်း သိရ သည်။
သန်လျင်၌ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် မွေးမြူရေးသင်တန်း ဖွင့်လှစ်
Aug 12,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေး ထိခိုက်မှုသက်သာရေး အစီအစဉ်(CERP)အရ တောင်သူများ မွေးမြူရေးလုပ်ငန်း ထိခိုက်မှုနည်းပါး စေရေး၊ မေထုန်မဲ့သားစပ်သင်တန်း (၄/၂၀၂၀) ဖွင့်ပွဲကို ယ​နေ့ နံနက်က သန်လျင်မြို့ရှိ ခရိုင်မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
လဟယ်မြို့ မြို့နယ်စည်ပင် ယာယီအခွန်မဲ့ဈေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စစ်ဆေးဆောင်ရွက်
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ယနေ့နံနက်တွင် မြို့နယ် စည်ပင် ယာယီအခွန်မဲ့ဈေးအတွင်း အရေးပေါ် ဝင်ရောက် စစ်ဆေးမှု ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ချောင်းဦးမြို့၌ မိုးစပါးဆင်းသုခ မျိုးစေ့ထုတ် တောင်သူများအား နည်းပညာပေး ကွင်းဆင်း ဆောင်ရွက်
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ အမြင့်နည်းပညာ ပြန့်ပွားရေး စင်တာနယ်မြေဖြစ်သော ရွှေဒါးကျကျေးရွာနှင့် ဆူးလေကုန်းကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါးဆင်းသုခ (RS) မျိုးစေ့ထုတ် တောင်သူများအား ယနေ့နံနက်(၁၀)နာရီ အချိန်က နည်းပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
လမ်းမတော်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပညာသင်ကြား
Aug 12,2020
၂၀၂၀-၂၀၂၁ ပညာသင်နှစ် လမ်းမတော်မြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေး လုပ်ငန်း များ ဆောင်ရွက်နေစဉ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။
သံတောင်ကြီးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဆောင်ရွက်သည့် လုပ်ငန်းများစစ်ဆေးနိုင် ရန် ညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 12,2020
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သည့် ဌာနဆိုင်ရာလုပ်ငန်းများ စစ်ဆေးနိုင်ရန်အတွက် ကရင်ပြည်နယ်လွှတ်တော် ဘဏ္ဍာစီစစ် အကြံပြုရေးကော်မတီမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို သံတောင်ကြီးမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် အတွင်းရှိ ရပ်ကွက် ၊ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးတို့တွင် မဲစာရင်း လာရောက်ကြည့်ရှုသူ ( ၆၅၀၀၀ ) ဦးရှိ
Aug 12,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများကို နတ်မောက် မြို့နယ်တွင် ဇူလိုင် လ ၂၅ ရက်နေ့ မှ စတင်ပြီး ဩဂုတ်လ (၁၄)ရက်နေ့ အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံး (၂၃၄)ရုံး တို့တွင် ကပ်ထား ကြေညာလျက်ရှိရာ ယနေ့ အချိန်အထိ နတ်မောက် မြို့နယ်တွင် မဲစာရင်းလာရောက်ကြည့်ရှုသူ ဦးရေ(၆၅၀၀၀)ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
ကောလင်းမြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်းဆွေးနွေး
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဇာတိမာန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။