သတင်းများ

ဝိုင်းမော်မြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲကျင်းပ
Aug 12,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ကြံခင်းမြို့နယ် လူမှုဖူလုံရေးရုံးက Nong Hyup Micofinance Myanmar ကုမ္ပဏီမှ အလုပ်သမား (၁၁)ဦးအတွက် အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေး
Aug 12,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် လူမှုဖူလုံရေးရုံးမှ ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေအရ အကျုံးဝင် မှတ်ပုံတင် ထားသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် (၄၀) ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကြံခင်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ်ရှိ သမဝါယမဦးစီးဌာနရုံး ဆောက်လုပ်နေမှု (၉၀)ရာခိုင်နှုန်း ပြီးစီး
Aug 12,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် သမဝါယမ ဦးစီးဌာနရုံး တည်ဆောက်ခြင်း လုပ်ငန်း (၉၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ကော့မှူး၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းများ‌ ဆောင်ရွက်
Aug 12,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍‌ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့ နံနက်က မြို့သစ်ရပ်ကွက်၌ ဆောင်ရွက်နေကြောင်း သိရသည်။
တနိုင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အတိုးရငွေမှ(၅၀%)ဖြင့် အ.မ.က(KG) မူကြိုကျောင်းဆောင် ဆောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး
Aug 12,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု၊ ရွာသစ်ကုန်း မြစိမ်းရောင် စီမံကိန်း (၃)နှစ်ပြည့် အတိုး ရငွေမှ အ.မ.က(KG) မူကြိုကျောင်းဆောင် ဆောက်လုပ်နေမှု ယမန်နေ့ နံနက်(၁၁)နာရီတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့ မြို့မဈေးအတွင်း၌ အာဖရိကဝက်အပြင်းဖျားရောဂါ အသိပညာပေးခြင်း ဗီနိုင်းပိုစတာကပ်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Aug 12,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း ဗီနိုင်းပိုစတာ ကပ်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်းများဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က အမှတ် (၅) ရပ်ကွက်ရှိ ဇမိရတနာဈေးအတွက်၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် မြို့သာယာလှပရေးအတွက် သပြေဘူတပျိုးပင် ၄၀၀ ကျော်စိုက်ပျိုးပြီးစီး
Aug 12,2020
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် မြို့သာယာလှပစေရန် ရည်ရွယ်၍ မြို့နယ် စည်ပင် သာယာရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများက အမှတ်(၂)ရပ်ကွက် ပြည်ထောင်စု လမ်းမကြီးဘေး နမ့်စန်တပ်နယ်ရုံးရှေ့တွင် ယနေ့ နံနက် ၈ နာရီ က သပြေဘူတပျိုးပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။