သတင်းများ

ပုလဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၁၀၅၅ ဦး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သောကြောင့် အောင်ချက်ရာခိုင်နှုန်း ၃၀.၆၆ ရာခိုင်နှုန်းရရှိ
Aug 10,2020
မြန်မာတစ်နိုင်ငံလုံးတွင် ယမန်နေ့ ၂၀၂၀ပြည့်နှစ်၊ မတ်လတွင် ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ပညာရေးဝန်ကြီးဌာန Website များမှတဆင့် ထုတ်ပြန်ကြေညာခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ
ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၄၆.၇၆ ရာခိုင်နှုန်းရှိ
Aug 10,2020
ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်မှုရာခိုင်နှုန်း ၄၆.၇၆ ရာခိုင်နှုန်းဖြင့် အောင်မြင်ကြောင်း သိရှိရသည်။
အင်တောမြို့ တောင်းခမ်းကျေးရွာ၌ အပြည်ပြည်ဆိုင်ရာဌာနေ တိုင်းရင်းသားများနေ့အထိမ်းအမှတ် သစ်ပင် (၂၈၀၀)ပင် စိုက်ပျိုး
Aug 10,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့၊ ကျောက်ဂူကျေးရွာအုပ်စု၊ တောင်းခမ်းကျေးရွာ၌ သစ်တောဦးစီးဌာနနှင့် ပွိုင့်-ရိုးရာမြှင့်တင်ရေးအဖွဲ့တို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာဌာနေ တိုင်းရင်းသားများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်က အဆိုပါကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် အင်းစိမ်းကန်၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်
Aug 10,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မန်ကျည်းပင်ကျေးရွာတွင် အမှတ် (၉၆) စက်မှုလယ်ယာစခန်း(ခွဲ)မှ ကြီးမှူးဖွင့်လှစ်သော လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျေးရွာဘောလုံးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်နေသော ကျေးရွာမြေသားရေကန် ပြုပြင် လုပ်ငန်းအား ကွင်းဆင်စစ်ဆေး
Aug 10,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါကြောင့် လူမှုစီးပွားဘဝထိခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိစေမည့် Cash For Work စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ပေါက်ချောင်းကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် မြေသားရေကန်ပြုပြင်ခြင်း လုပ်ငန်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးစာစောင်နှင့် ပိုစတာများအား နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်
Aug 10,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ​မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးစာစောင်နှင့် ပိုစတာ များအား ရုံးရှေ့မြေစိုက်ဘုတ်တွင် ယနေ့နံနက်ပိုင်းမှ စတင်ကာ ပြသဆောင်ရွက်လျက်ရှိသည်။
ချောင်းဦးမြို့နယ် ဘူတာကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် ကျွဲ နွားမွေးမြူရေး သင်တန်း ဖွင့်လှစ်
Aug 10,2020
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ခင်မွန်စခန်းနယ်မြေ ဘူတာကျေးရွာတွင် စွမ်းဆောင်ရည် မြှင့်တင်ရေးကဏ္ဍမှ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် ကျွဲ၊ နွား မွေးမြူရေးသင်တန်း၊ သိုး၊ ဆိတ် မွေးမြူရေး သင်တန်း၊ ဝက်မွေးမြူရေး သင်တန်းနှင့် ကြက်မွေးမြူရေး သင်တန်း များကို ယနေ့ နံနက် (၉) နာရီ အချိန်က ဘူတာကျေးရွာ SMU ဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် မဲရုံဆောင်ရွက်မည့်နေရာများသို့ ကွင်းဆင်းကြည့်ရှု
Aug 10,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ၂၀၂၀ပါတီစုံဒီမိုကရေစီ အထွေထ ွေရွေးကောက်ပွဲတွင် အများပြည်သူများ အလွယ်တကူ ဆန္ဒမဲပေးနိုင်ရေး မြေညီထပ်တွင် မဲရုံများဖွင့် လှစ်ဆောင်ရွက်နိုင်ရေးအတွက် မဲရုံဆောင်ရွက်မည့်နေရာများသို့ ယနေ့နံနက် (၁၁)နာရီခွဲ အချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။