အမြို့မြို့အနယ်နယ်သတင်းများ

Aug 21,2020
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ ပြည်သူလူထုအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ခြင်း လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်
Aug 21,2020
ရန်ကုန်တိုင်းဒေသကြီ၊ သုံးခွမြို့နယ် ပြည်သူ့ဆေးရုံရှိ ကျန်းမာ‌ရေးဝန်ထမ်းများအား အမျိုးသားတီဘီတိုက်ဖျက်ရေး ဌာန(ရန်ကုန်)မှ တိုင်းတီဘီ ရောဂါ တိုက်ဖျက်ရေး ဆရာဝန် ကြီး ဒေါက်တာဇော်မြင့် ဦးဆောင်သောအဖွဲ့က ဝန်ထမ်းများ တီဘီရောဂါ ကင်းစင်စေရေးအတွက် ရွေ့လျား ဓာတ်မှန်စက်ဖြင့် တီဘီရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးပေးခြင်းကို ယမန်‌ နေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Aug 21,2020
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်းမှ ဒေသခံတောင်သူလယ်သမားများ၏ စပါခင်းများ အထွက်နှုန်း မြင့်မားစေရေးနှင့် စပါးဖျက်ပိုးကျရောက်မှု လျော့နည်းစေရေးအတွက် ယမန်နေ့နံနက် ၉ နာရီက အူကျွန်းကျေးရွာ တောင်သူဦးဘမြင့်၏ ပေါ်ဆန်းရင် မျိုးသန့်ထုတ်စိုက်ခင်းတွင် ထရိုင်ဂို ဂရားမား ဥကပ်ပါးနဂျီ လွှတ်ခြင်း သရုပ်ပြပွဲကို ပြုလုပ်ခဲ့သည်။
Aug 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မြို့သစ်ဈေးတာဝန်ခံရုံးခန်း အသစ် ပြန်လည်ပြုပြင် တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
Aug 21,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ မြို့ဟောင်းကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းဆိုင်ခေး ဦးဆောင်သောအဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ(၃) နာရီက မြို့ဟောင်းကျေးရွာ၊ ပင်ပေါကျေးရွာ၊ နားယုတ်ကျေးရွာ၊ ကုန်းထိုလင်ကျေးရွာ၊ ဝိန်းခူးကျေးရွာများသို့ မဲစာရင်းများမှန်ကန်မှုရှိစေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းစစ် ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေဝါလတ် ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။