အမြို့မြို့အနယ်နယ်သတင်းများ

Aug 21,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကိုဗစ်-၁၉ကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VPFP) အကောင်အထည် ဖော်ဆောင်ရွက်မည့် ကျေးရွာများသို့ ယနေ့နံနက်ပိုင်းက စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေး ခဲ့ကြောင်း သိရသည်။
Aug 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေ လျှံမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ မြောင်းဖုံးပြုလုပ်နေသည့် လုပ်ငန်းခွင်သို့ တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့သည်။
Aug 21,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော် မြို့ရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော် မြို့ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ ၁၉ ရက်နေ့၊ ညနေ(၆)နာရီ အချိန်က(၁၃)ဉီးနှင့် ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က(၁)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၄) ဉီးတို့အား ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့သည်။
Aug 21,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) မှ ငွေကျပ်သိန်းပေါင်း (၁၄၇၉.၉) သိန်းကို ကျေးရွာ(၆)ရွာသို့ ထုတ်ပေးပြီး ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
Aug 21,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် အခွန်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီက စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာနမှ နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်း လုပ်ငန်းစီမံချက် ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
Aug 21,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ အမေ့အိမ် အသက်မွေးမှု ပညာ(အခမဲ့)သင်တန်း ကျောင်းမှ အင်္ဂလိပ်စာ ကျွမ်းကျင်မှု သင်တန်း(4 Skills)နှင့် အခြေခံ စက်ချုပ်မှုပညာ သင်တန်းတို့ကို စက်တင်ဘာ(၁)ရက်နေ့တွင် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ သာသနာ့ဗိမာန် ဇောတိကာရုံ ကျောင်းတိုက်တွင် ဖွင့်လှစ်သွားမည်ဟု သိရသည်။