အမြို့မြို့အနယ်နယ်သတင်းများ

Aug 19,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများ တိကျမှန်ကန်စွာ ဖြစ်စေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးအတွက် ဟိုမိန်းမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၌ ကွင်းဆင်းကောက်ယူထားသော မဲဆန္ဒရှင်စာရင်းများကို အခြေခံပြီး မြေပြင် အခြေအနေ စာရင်းမှန် ရရှိရေးအတွက် မဲဆန္ဒရှင်စာရင်းတွင် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်း လုပ်ငန်းများအား မြို့စစ်ဆေးရေးအဖွဲ့က ယနေ့ နံနက်ပိုင်းမှ စတင်၍ ဩဂုတ်လ (၂၁)ရက်နေ့ အထိ (၃)ရက်ကြာ မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
Aug 19,2020
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ ခရိုင်/ မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လပွတ္တာ ခရိုင် အထွေထွေအုပ်ချုပ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
Aug 19,2020
Actionaid Myanmar နှင့် မြိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူပေါင်း၍ ဖွင့်လှစ်သောသဘာဝ မြေဩဇာပြုလုပ်နည်းနှင့် အိမ်တွင်းတစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးသင်တန်း ကို ယနေ့ နံနက် ၉ နာရီအချိန်က မြိုင်မြို့နယ် ကျေးရွာဧည့်ဂေဟာ( CBT ) တွင် ပြုလုပ်သည်။
Aug 19,2020
မကွေးတိုင်း‌ဒေသကြီး ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယနေ့နံနက် ၁၀နာရီ ၃၀မိနစ်အချိန်က မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေးကျင်းပသည်။
Aug 19,2020
၂၀၂၀-ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြု လုပ်နိုင်ရေးအတွက် ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေး မှူး ဦးငြိမ်းချမ်းဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးတင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဝေမာအောင်နှင့် သက်ဆိုင်ရာ ရပ် ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများသည် ယနေ့ နံနက်(၁၁)နာရီက မြို့ပေါ်ရှိ ရပ်ကွက်များအတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်မှုရှိစေရေးအတွက် နေအိမ်အရောက် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
Aug 19,2020
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း One State One Township Project အရအကောင်အထည်ဖော်ဆောင်ရွက်မည့်‌တောင်/မြောက်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း နှင့်ပတ်သက်၍ မူလ ကွန်ကရစ်လမ်း၏ လက်ရှိအခြေအနေအား သြဂုတ်လ (၁၈)ရက်နေ့ နေ့လည်(၂)နာရီက မကွေးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးနိုင် ၊မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်နှင့် သက်ဆိုင်ရာဌာနများမှ တာ၀န်ရှိသူများ လိုက်ပါလျှက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ တာဝန်ခံ အင်ဂျင်နီယာ ဦးဇော်ထွန်းကျော် က ရှင်းလင်း တင်ပြခဲ့ကြောင်းသိရသည်။