အမြို့မြို့အနယ်နယ်သတင်းများ

Aug 19,2020
ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်း စားအိမ်ထောင်စုများထံသို့ နိုင်ငံတော်အစီအစဉ်ဖြင့် ဒုတိယအကြိမ်ထောက်ပံ့ငွေများကို မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများ က ကျေးရွာအလိုက် သက်ဆိုင်ရာပြည်သူများထံသို့ လက်၀ယ်အရောက်ပေးအပ်ခြင်းကို ဩဂုတ်(၁၈)ရက်နှင့်(၁၉)ရက်နေ့များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Aug 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အိန္ဒိယနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ နေရပ်ပြန် ပြည်သူများအားတမူးမြို့ ၊နယ်စပ်လမ်းဖောက်လုပ်ရေးစခန်း (BRTF) Quarantine Centre တွင်(၂၁)ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်ပြီး လည်းကောင်းတို့၏ အာခေါင်တို့ ဖတ်နမူနာများအား မန္တလေးမြို့ရှိ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့၍ ဓာတ်ခွဲ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိကြောင်း သိရှိရသည်။
Aug 19,2020
မိုးအဆတ်မပြတ် ရွာသွန်းမှုကြောင့် ကချင်ပြည်နယ် မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းပိုင်း ရှစ်မိုင်လမ်းဆုံနှင့် ပါဟုတ်တောင်အကြား ကိုးမိုင်တွင် ကားလမ်းရေကျော်နေမှု ဖြစ်ပွားနေကြောင်း သိရသည်။
Aug 19,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ပန်လော့ကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာ ဦးအောင်ဆာ နေအိမ်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ကျောက်မဲခရိုင် ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ အား မြေဆီလွှာအကြောင်း၊ မြေဩဇာများ အကြောင်းနှင့် မြေဆီလွှာပြုပြင်နည်းများကို ရှမ်းဘာသာဖြင့် ပညာပေးဆွေးနွေး ခဲ့ကြောင်း သိရသည်။
Aug 19,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကျွဲဒုံးကျေးရွာအုပ်စု ကျွဲသောင်ကျေးရွာ၌ မြစ်ရေတိုးမြင့်လာမှုကြောင့် မြစ်ကမ်းပါး ခိုင်ခန့်မှုအားနည်းသဖြင့် မြစ်ကမ်းနှင့် နီးစပ်သည့် ကမ်းပြိုဘေးအန္တရာယ်ကြောင့်နေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စု လူဦးရေ (၂)ဦး အား ယနေ့နံနက် ၁၁ နာရီက မအူပင်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၌ ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
Aug 19,2020
နိုင်ငံတော်အစိုးရမှချမှတ်ထားသော ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးထိခိုက်မှုများအပေါ် ကုစားသည့် အနေဖြင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းများကို နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော် ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ဂန့်ဂေါမြို့နယ် အနေဖြင့်(VRFP)စီမံကိန်းကို ဟံသာဝတီကျေးရွာ၊ ကန်ကျေးရွာ၊ လယ်ကြီး အရှေ့ကျေးရွာ၊ လယ်ကြီးအနောက်ကျေးရွာ၊ အလယ်ရွာ၊ ချောင်းကောက်ကျေးရွာ၊ မြင်းဇာ ကျေးရွာ၊ ရွာမကျေးရွာများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ထွေးထံမှ သိရသည်။
Aug 19,2020
ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျောက်ထုမြို့တွင် မဲစာရင်းမှန်ကန်စေရေး အိမ်တိုင်ရာရောက် မဲစာရင်း စစ်ဆေး ဖြည့်ဆည်းကောက်ယူလျက်ရှိရာ ကျောက်ထုမြို့ အုပ်ချုပ်ရေးမှူး ဦးဇော်ဌေးဦး ဦးဆောင်သည့် အဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဆယ်အိမ်မှူးများရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်အဖွဲ့ခွဲဝင်များဖြင့် ပူးပေါင်း၍ သြဂုတ် ၁၇ ရက်မှစတင်ကာ မဲစာရင်း မှန်ကန်မှုရှိမရှိ ဩဂုတ် ၁၇ ရက်မှစတင်ကာ ရပ်ကွက်ကျေးရွာများတွင် ကွင်းဆင်းစစ်ဆေးဖြည့်ဆည်း ကောက်ယူလျက်ရှိသည်။