အမြို့မြို့အနယ်နယ်သတင်းများ

Aug 18,2020
ဘီးလင်းမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို စနစ်တကျကိုင်တွယ် မောင်းနှင်တတ်စေရန်နှင့် စက်ကိရိယာများကို သက်တမ်းပြည့်သုံးစွဲနိုင်စေရန် ရည်ရွယ်၍လယ်ယာသုံးစက်ကိရိယာမောင်းနှင်မှုအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၀) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၃၇)စက်မှုလယ်ယာစခန်း၌ ဖွင့်လှစ်ခဲ့သည်။
Aug 18,2020
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၌ အနောက်ပိုင်းဒေသများ၊ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (WSAP) အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖွဲ့(IFAD) တို့ပူးပေါင်း၍ တိရစ္ဆာန်မွေးမြူ‌စောင့်ရှောက်ခြင်းသင်တန်း ကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံးတွင် ဖွင့်လှစ်သည်။
Aug 18,2020
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီခွဲက မအူအောက်ဆိပ်ကျေးရွာအုပ်စု၊ မအူငယ်ကျေးရွာတွင် ကမ်းပါးပြိုကျမှုကြောင့် ကြိုတင် ဖျက်သိမ်း ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ရသည့် ကြိုတင်ပြောင်းရွှေ့လူနေအိမ် ၁ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် မီးသတ်ဦးစီးမှူရုံး ဦးစီးမှူး ဒုတိယ သန္ဓေတပ်ဖွဲ့ ၀င်များက ယမန်နေ့ ၉ နာရီက မြို့ပေါ်ရပ်ကွက်အတွင်းရှိ “စူပါဖိုက်” ၊ “ ရွှေသစ္စာ” ဆန်စက်များအား မီးဘေးကာကွယ်နိုင်ရေး စစ်ဆေးခဲ့သည်။
Aug 18,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ လ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်းများမှန်ကန်စေရေးအတွက် ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ မဲဆန္ဒရှင် ပြည်သူများ မဲပေးခွင့်ရရှိနိုင်ရေး၊ မဲပေးခွင့် မဆုံးရှုံးစေရေးအ တွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးဟန်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဉာဏ်အောင်နှင့် အဖွဲ့ခွဲကော်မတီဝင်များ၊ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများသို့ သွားရောက်ပြီး မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူ စွမ်းဆောင် ရည်မြင့်မားရေး သင်တန်းကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့မစိုက်ပျိုးရေး နည်းပညာပြန့် ပွားရေးစင်တာတွင် ကျင်းပပြုလုပ်သည်။
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက မျိုးကောင်းမျိုး သန့်စပါးမျိုးများထုတ်လုပ်နိုင်ရန် မိုးစပါး RS to CS မျိုးစေ့ထုတ် ဧက ၃၀၀ စိုက်ပျိုးသွားရန် လျာထားပြီး လက်ရှိမြေပြင်တွင် ၁၆၄ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။