အမြို့မြို့အနယ်နယ်သတင်းများ

Aug 18,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ် ခန်း၌ ကဗျာရွတ်ဆိုခြင်း အစီအစဉ်ကို စာကြည့်တိုက်သို့ မလာနိုင်သည့် ကလေးများအတွက် လူမူကွန်ယက်မှ တစ်ဆင့် ကြည့်ရှုနားထောင်စေခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက အင်္ဂလိပ်ကဗျာရွတ်ဆိုပြခြင်းကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
Aug 18,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းများ စက်တင်ဘာလအတွင်း စတင်ဖွင့်လှစ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်တွင် CERP အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မိုးစပါး Rs to Cs မျိုးစေ့ထုတ်စိုက်ခင်း ၅၀ ဧကရှိရာ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးမို့မို့ထွန်း ဦးဆောင်ကာ စိုက်ပျိုးရေးဝန်ထမ်းများနှင့် မြန်မာ့ဩဘာ Drone အဖွဲ့နှင့်ပူးပေါင်းကာ ယနေ့ နံနက် ၈ နာရီ အချိန်က CERP အစီအစဉ်ဖြင့် ဆောင်ရွက်သည့်
Aug 18,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး (၈) ရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် သွားနှင့်ခံတွင်း ကျန်းမာရေးဆေးခန်းအား ဩဂုတ်လဆန်းမှစ၍ ဖွင့်လှစ်ထားရှိ‌‌ကြောင်း သိရသည်။
Aug 18,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က လောင်းလုံးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့သည်။
Aug 18,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီက တပေတတမော့ ကျေးရွာ၌ စပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ် ခဲ့သည်။
Aug 18,2020
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ရရှိနိုင်ရန်အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု (၅၉)အုပ်စုတို့မှ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားလာသော မဲဆန္ဒရှင် စာရင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် တာဝန်ရှိသူများက စိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။