အမြို့မြို့အနယ်နယ်သတင်းများ

Aug 18,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ ၊ မြို့နယ်အတွင်းသြဇာတိက္ကမ ရှိသူများ တွေ့ဆုံ၍ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းနိုင်ရေး ညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 18,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊နမ့်ခမ်းမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်၊ စာပေချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာ"လယ်တွင်းသား စောချစ်" ရေးသားထားသည့် "ပန်းလိုချင် အပင်ကိုပျိုးတက်မှ" စာအုပ်ဖြင့် ယနေ့ နံနက်(၉)နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
Aug 18,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် နှစ်သောင်း ကျပ်နှုန်းဖြင့် တတိယအကြိမ် ဆက်လက်ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က မူဆယ်မြို့၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးဟောင်း)၊ အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာ မြို့ဦးစီးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ အသီးသီးလွှဲပြောင်း ပေးအပ်သည်။
Aug 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် တိလုံကျေးရွာ အုပ်စု၊ ဆိုက်ခေါင်ကျေးရွာတွင် နှစ်ရှည်ပင်ဖြစ်သော ထောပတ်စိုက်ပျိုးတောင်သူများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း ထောပတ်စိုက်ပျိုးတောင်သူတစ်ဦးထံမှသိရသည်။
Aug 18,2020
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ မြိုင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယနေ့နံနက် (၁၀) နာရီက ပဉ္စမအကြိမ်မြောက် စီမံကိန်း လည်ပတ်ရန်ပုံငွေကို ကျေးရွာအရောက်သွားရောက်ပြီး ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထုတ်ပေးကြောင်း သိရသည်။
Aug 18,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လွိုင်လင်ခရိုင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပကြောင်းသိရသည်။