Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တာချီလိတ်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲပေးမည့် မဲဆန္ဒရှင် စာရင်းများ စိစစ်ရေး လုပ်ငန်း အဖွဲ့များ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလု…
Aug 18,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများအား တိုက်ဆိုင် စိစစ်ရေး လုပ်ငန်း အဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ကွန်ကရစ်လမ်းခင်းရန်အတွက် ပုံစံပြားရိုက်ပြင်ဆင်နေသည့် လုပ်ငန်းခွင်သို့စစ်ဆေး
Aug 18,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ကွန်ကရစ်လမ်းခင်းရန် အတွက် ပုံစံပြားရိုက်ပြင်ဆင်နေသည့် လုပ်ငန်းခွင်သို့ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၁) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူ၌ ပထမအကြိမ် ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃)၊ ပုံစံ (၃-က)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) ဖြင့် လျှောက်ထားလာမှုများအား စတင်ပြင်ဆင်ပေးလျက်ရ…
Aug 18,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံး များမှ ပုံစံ(၃)၊ ပုံစံ (၃-က) ၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားလာမှုများအား ယနေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ မဲစာရင်းတွင် မဲစာရင်း ထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို သြဂုတ်လ ၁၇ ရက်နေ့က စတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘောလခဲမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး ကျောက်စီရေမြောင်းနှင့် အဖုံးပါပလက်ဖောင်းပြုလုပ်ခြင်း ဆောင်ရွက်
Aug 18,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ဒေသဖွံ့ဖြိုးရေး တိုးတက်ရေးလုပ်ငန်းများ တည်ဆောက်လျက်ရှိရာ ဘောလခဲ မြို့ဖွံ့ဖြိုး တိုးတက်သာယာလှပရေးနှင့် အများပြည်သူသွားလာမှု အဆင်ပြေစေရေးအတွက် lot (33) ဘောလခဲမြို့နယ်၊ ပြည်ထောင်စု လမ်းမကြီး ကျောက်စီရေမြောင်းနှင့် အဖုံးပါ ပလက်ဖောင်းပြုလုပ်ခြင်းဆောင်ရွက်ခြင်းကို ၂၀၂၀ မေလ (၂၈)ရက်နေ့က စတင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လည်ဘူးမြို့၌ မက်သာဒုန်းဆေးရည် အစားထိုးတိုက်ကျွေးရေး အသိပေးရှင်းလင်းပွဲကျင်းပ
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်တွင် တရားမဝင်မူးယစ်ဆေးသုံးစွဲမှု၊ သေဆုံးမှု၊ ရာဇဝတ်မှုများနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု၏ နောက်ဆက်တွဲ အန္တရာယ်များလျော့ကျစေရန် မက်သာဒုန်းဆေးရည် အစားထိုး တိုက်ကျွေးရေး အသိပေးရှင်းလင်းပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ က မိချောင်းအင်းကျေးရွာ တိုက်နယ် ဆေးရုံတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော် မြို့မဈေးတွင် ဈေးရောင်းဝယ်သူများ Mask တပ်ဆင်မှု ရှိ မရှိ ရှောင်တခင်စစ်ဆေး
Aug 18,2020
ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ မြို့မဈေး အတွင်းရှိ ဈေးရောင်းဝယ် ကြသူများတွင် Mask များတပ်ဆင်မှု ရှိ၊ မရှိ ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲ၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်ဖြင့် မျိုးစေ့ထုတ်လုပ်ငန်း Rs to Cs စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့တန်ဖိုးနှင့်စိုက်ပျိုးထုတ…
Aug 18,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်၊စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP)အစီအစဉ်ဖြင့် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြ ကျေးရွာတွင် ဆောင်ရွက်သည့် မျိုးစေ့ထုတ်လုပ်ငန်း Rs to Cs စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့တန်ဖိုးနှင့်စိုက်ပျိုးထုတ်လုပ်မှုစရိတ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်သူများ အဆင်ပြေစွာ မဲပေးနိုင်ရေး နိုင်ငံသား စိစစ်ရေးကတ်များ ရုံးပိတ်ရက်မထားပဲ ပြုလုပ်ပေး
Aug 18,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီး ဌာနမှူး ရုံးမှ အမျိုးသားရေး တာ၀န်တစ်ရပ်အနေဖြင့် အသက် ၁၈ နှစ်ပြည့်သူများ အဆင်ပြေစွာမဲပေးနိုင်ရေး နိုင်ငံသား စိစစ်ရေးကတ်များကို ရုံးပိတ်ရက်မထားဘဲ နေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29920
Page
29921
Page
29922
Page
29923
Current page
29924
Page
29925
Page
29926
Page
29927
Page
29928
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department