လိပ်သိုမြို့ပေါ်၌ ဒေသထွက်သရက်သီးများ စျေးကောင်းရရှိ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ပင်ဖြစ်သော သရက်ပင်များကို စိုက်ပျိုးထားကြပြီး သရက်သီးများခူးယူရောင်းချရာ စျေးကောင်းရလျက်ရှိနေကြောင်း သိရသည်။