ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းသို့ရောက်ရှိရေး သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံများ၊ မိဘပြည်သူများ၊ ပညာရေးဝန်ထမ်းများအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ် ကရင်ပြည်နယ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူနိုင်ဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။