ကရင်ပြည်နယ်

မြဝတီမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (Great-12) ပထမနေ့ မြန်မာစာဘာသာရပ် ကျောင်းသား/ ကျောင်းသူ( ၃၃၆) ဦး ဝင်ရောက်ဖြေဆို

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (Great-12) ပထမနေ့ စာမေးပွဲ မြန်မာဘာသာရပ်ကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ကျောင်း သား/ကျောင်းသူ (၃၃၆) ဦးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဘားအံခရိုင် Community Centre တွင် အခြေခံအင်္ဂလိပ်စာ Grammar သင်တန်း(၁/၂၀၂၅) ဖွင့်လှစ်သင်ကြားပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်တွင် ကလေးများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ပူးပေါင်း၍ နွေရာသီအခြေခံ Grammar သင်တန်း (၁/၂၀၂၅) ကို မတ်လ (၁၁) ရက်နေ့မှစ၍ စတင်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ဇေရတု (မြန်မာပြန်) ရေးသားသော “ဒေးလ်ကာနက်ဂျီ၏ ပျော်ရွှင်အောင်မြင် ဘဝနှင့်လုပ်ငန်းခွင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘားအံခရိုင် Community Centre တွင် သတ္တမအကြိမ် နွေရာသီအခြေခံပန်းချီသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးစေရေးနှင့် ပန်းချီရေးဆွဲနည်းကို အခြေခံနားလည်တတ်မြောက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များ ပူးပေါင်း ၍ နွေရာသီအခြေခံပန်းချီသင်တန်း (၁/၂၀၂၅)ကို  မတ်လ(၁၁)ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြိုင်ပွဲများပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် (၉) နာရီအချိန်က ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆို

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာကို ယနေ့နံနက်ပိုင်းက ကျင်းပရာ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၉၈)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ဘားအံမြို့နယ်၌  ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် (၁၇) ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူ (၁၈၃၉) ဦးမှ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၁၈၈)ဦး ဝင်ရောက်ဖြေဆို

၂၀၂၅ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉:၀၀ နာရီအချိန်က ဘားအံ အ.ထ.က(၅) စာစစ်ဌာနတွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျောင်းသား (၅၆)ဦး၊ ကျောင်းသူ(၁၃၂)ဦးတို့က ဝင်ရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်သူ (၂၁)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သံတောင်ကြီးဒေသထွက် လက်ဖက်ခြောက်များ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးကို အဓိကလုပ်ဆောင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ရပ်ဝေးဒေသများမှ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေး

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၇ ရက်နေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြေဆိုကြတော့မည်ဖြစ်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် စာမေးပွဲဖြေဆိုရန် ဘားအံမြို့တွင် ရောက်ရှိတည်းခိုနေထိုင်သော ရပ်ဝေးဒေသများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများအား မတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းက လိုက်လံတွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး စားသုံးကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
Subscribe to ကရင်ပြည်နယ်