ကရင်ပြည်နယ်

ဘားအံတက္ကသိုလ်၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လှယဉ်ကျေးမယ်ပြိုင်ပွဲနှင့် ပဒေသာကပွဲ ကျင်းပ

ဘားအံတက္ကသိုလ်တွင် ကျောင်းသား၊ကျောင်းသူများ ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်များ အစဉ်ကိန်းအောင်းရှင်သန်နေစေရေး၊ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးရေးနှင့် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လှယျဉ်ကျေးမယ် ပြိုင်ပွဲနှင့် ပဒေသာကပွဲကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံတက္ကသိုလ် ငုရွှေဝါခန်းမ၌ ကျင်းပသည်။

ပိုင်ကျုံမြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊‌ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ထုတ်ဝေသည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ အ-မ-က ပိန္နဲကုန်းကျောင်းသို့ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့တွင် ဒေသ၏ အဓိကထွက်ကုန် Robusta ကော်ဖီများ ဈေးနှုန်းမြင့်တက်ရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသည့် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဒေသခံတောင်သူများမှာ ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထားလုပ်ကိုင်ကြရာ Robusta ကော်ဖီမျိုးများကို စီးပွားဖြစ် စိုက်ပျိုးထားလျက်ရှိကြောင်း သိရသည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စက်ဘီးပြိုင်ပွဲ ကျင်းပ

၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စက်ဘီးပြိုင်ပွဲကို ယမန်နေ့ နံနက် ၆ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်းမုခ်ဦးရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ အ.မ.က လော်‌စောဒေးကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စုရှိ အ.မ.က လော်စောဒေးကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ထူးချွန်စွာဖြေဆိုအောင်မြင်သည့် ကျောင်းသား/ သူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

သံတောင်ကြီးမြို့နယ်တွင်(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်တွင် ကျောင်းသူ၊ ကျောင်းသားများ ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြုလုပ်ရခြင်းများသိရှိစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်အတွက် ယနေ့နံနက် (၉)နာရီအချိန်က (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်းတွင်  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးဒေသတွင်နနွင်းများစတင်တူးဖော်ရောင်းချ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ တညင်း၊ ဖာလာပင်၊ ကွမ်းသီး၊ ကွမ်းသီး စသည့်နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုနှစ်ပိုင်း၌ အဆိုပါနှစ်ရှည်ပင်များအပြင် နနွင်းကိုလည်းအဓိက စိုက်ပျိုးလုပ်ကိုင်လာခဲ့ပြီး ယခုနှစ်တွင် ဖေဖော်ဝါရီလပထမပတ်မှစတင်ပြီး နနွင်းများ စတင်တူးဖော်ရောင်းချလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့၌  KG တန်း ကလေးငယ်များအား  တတိယအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေး

ကရင်ပြည်နယ်၊  မြဝတီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် KG တန်းကလေးငယ်များအား အာဟာရဖွံ့ဖြိုးပြီး  ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းစေရန် ရည်ရွယ်၍ တတိယအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို  ယနေ့နံနက်ပိုင်းက စတင်၍ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီခရိုင်၌  မြို့နယ်အဆင့်  ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည် ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲ  အခမ်းအနားကို ယမန်နေ့က အမှတ်(၄)ရပ်ကွက်၊  မြစန္ဒီ ပန်းခြံဝန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်