ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာအုပ်စုရှိ အခြေခံပညာကျောင်းများ၌ ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြော ပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စုရှိ မူ(လွန်) မိုးနိုင်းကျောင်းနှင့် အ-မ-က ထီးဖိုးမယ်ဘောကျောင်းတို့၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ပြသခြင်းကို ယနေ့နံနက်ပိုင်းက နည်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။