မြဝတီမြို့၌ အခြေခံပညာကျောင်းများမှ KG တန်း ကလေးငယ်များအား ကျောင်းတွင်းအာဟာရကျွေးမွေး
- Read more about မြဝတီမြို့၌ အခြေခံပညာကျောင်းများမှ KG တန်း ကလေးငယ်များအား ကျောင်းတွင်းအာဟာရကျွေးမွေး
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် KG တန်းကလေးငယ်များအား အာဟာရဖွံ့ဖြိုးပြီး ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရန် ရည်ရွယ်၍ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၃)၊ အ.ထ.ကခွဲ(၁)နှင့် အ.လ.က(၁)ကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။