ကရင်ပြည်နယ်

နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ထူးချွန်သူများအား ဂုဏ်ပြုဆုချီးမြှင့်

နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ထူးချွန်သူများအား ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို နိုဝင်ဘာ ၈ ရက် နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှု (Student Participation initiative) SPI အကောင်အထည်ဖော်ရေး မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်လျက်ရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ပညာရေးမှူးရုံးတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြှင့်လာစေရန် အစပျိုးလှုပ်ရှားများအဖြစ် အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသားများမှ ပညာရေးလက်တွေ့ ဖွံ့ဖြိုးမှုအသင်းအဖွဲ့ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှု (Student Participation initiative) အကောင်အထည်ဖော်ရေး မြို့နယ်အဆင့်သင်တန်းကို နိုဝင်ဘာလ ၅ ရက်နေ့မှ စတင်၍ ဖွင့်လှစ်ခဲ့ရာ ခရိုင်ပညာရေးမှူး ဦးစောဝါး လယ်ထူးဦးဆောင်ကြီးကြပ်၍ မြို့နယ်ပညာရေးမှူး၊ ဦးမိုးကျော်နှင့် အခြေခံပညာ အထက်တန်းအလယ်တန်း၊ မူလတန်း(လွန်) ကျောင်းအုပ်ဆရာ၊ ဆရာမများ(၄၇)ဦး တက်ရောက်ခဲ့ကြသည်။

ဘားအံမြို့တွင် နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးအကပြိုင်ပွဲ စတင်ကျင်းပ

နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးအကပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၅ နာရီခွဲက ဘားအံမြို့၊ သီရိကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဒုံးအကပြိုင်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့ ကြိုဆိုဂုဏ်ပြု ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) ဝန်ထမ်းအိမ်ရာတည်ဆောက်ရန်ပန္နက်တင်၊ ရိုးရာလှေလှော်ပြိုင်ပွဲကျင်းပ

နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၏ (၄)ခန်း တွဲ၊ (၄)ထပ် ဆရာဝန်အိမ်ရာတစ်လုံး တည်ဆောက်ခြင်းလုပ်ငန်း ပန္နက်တော်တင်မင်္ဂလာကို နိုဝင်ဘာ ၅ ရက် နံနက် ပိုင်းက အဆိုပါအဆောက်အဦတည်ဆောက်မည့်နေရာ၌ ကျင်းပသည်။

လိပ်သိုဒေသတွင် မိုးစပါးစိုက်ခင်းများ စတင်ရိတ်သိမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသနေပြည်သူများမှာ ဥယျာဉ်ခြံ စိုက်ပျိုးရေးလုပ်ငန်းအပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုလည်း တစ်နိုင်တစ်ပိုင်လုပ်ကိုင်လျက်ရှိရာ ယခုနှစ် မိုးရာသီကာလတွင် စိုက်ပျိုးခဲ့သည့် မိုးစပါးသီးနှံများကို စတင်ရိတ်သိမ်း နေကြပြီဖြစ်ကြောင်း သိရသည်။

နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် တရုတ်လှအခြေခံပညာ အထက်တန်းကျောင်းရှိ RC တစ်ထပ်ကျောင်း ဆောင်သစ်ဖွင့်လှစ်

နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဘားအံမြို့နယ်၊ တရုတ်လှကျေးရွာ ၊ အခြေခံပညာအထက်တန်းကျောင်းရှိ (၉၀ ပေ x ၃၀ပေ) RC တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက အဆိုကျောင်း ဆောင်သစ်ရှေ့၌ ကျင်းပသည်။

နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ် Road Bike စက်ဘီးစီးပြိုင်ပွဲနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ

နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဖိတ်ခေါ် Road Bike စက်ဘီးစီးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က ဘားအံမြို့ အမှတ်(၄)ရပ်ကွက် သီရီလမ်းရှိ သီရိကွင်းမုခ်ဦးအရှေ့၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သေနတ်ပစ်ဖောက်၍ စက်ဘီးစီး ပြိုင်ပွဲအား တာလွှတ်ပေးခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့ ကျက်သရေဆောင် ကျိုက်မုရောစေတီကျောင်း၌ (၂၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ ကျိုက်မုရောစေတီ(တောင်ပေါ်ကျောင်း)၌ စစ်ဗျူဟာအဖွဲ့ (အခြေချ)လှိုင်းဘွဲနှင့် တပ်ရင်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မရှင်၊ ဌာနဆိုင်ရာ မိသားစုများ၊ မြို့နေပြည်သူများ၊ ဈေးသူ၊ ဈေးသားများနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ (၂၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းနှင့် ပဒေသာပင်များ ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။

နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ပြည်နယ်ဧည့်ရိပ်သာ အာရ်စီ(၆)ထပ်အဆောက်အအုံသစ်ဖွင့်

ကရင်ပြည်နယ်ကိုလာရောက်ကြမည့် နိုင်ငံတော်အဆင့်အကြီးအကဲများ၊ နိုင်ငံတကာမှဧည့်သည်တော်များ အဆင်ပြေစွာတည်းခိုနိုင်ရန် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် (၁၀၀၆၀ ဒသမ ၆၂၁)သန်း အကုန်အကျခံ၍ အဆောက်အဦအထူးအဖွဲ့(၁၃)မှ တာဝန်ယူတည်ဆောက်ခဲ့သော ကရင်ပြည်နယ်ဧည့်ရိပ်သာအာရ်စီ(၆)ထပ်အဆောက်အဦသစ်ဖွင့်ပွဲကို နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီက ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီး စိန်ပန်းပြာလမ်းနှင့် စိန်ပန်းနီလမ်းထောင့်ရှိ အဆိုပါအဆောက်အအုံသစ်တည်နေရာ၌ ကျင်းပသည်။

ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်း(၂)မျိုး သင်တန်းဆင်း

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီတို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့်ဖွင့်လှစ်သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ) သင်တန်း (၂)မျိုး သင်တန်းဆင်းပွဲအခမ်းအနား ကို အောက်တိုဘာလ ၃၁ ရက်နေ့နံနက် ၁၁ နာရီက ဘားအံမြို့၊ တော်ဝင်ရတနာဟိုတယ်၌ ကျင်းပရာ ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်းဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများအဆင်ပြေ ချောမွေ့စွာဖွံ့ဖြိုးတိုးတက်စေရန် အဖက်ဖက်မှစီမံချက်များချမှတ်အကောင်အထည်ဖော်လျက်ရှိပြီး ခရီးစဉ်ဒေသသစ်ဖော်ထုတ်ပေးခြင်းနှင့်ရှိနှင့်ပြီးသားခရီးစဉ်ဒေသများကိုလည်း ရေရှည်တည်တံခိုင်မြဲ စေရေးလိုအပ်ချက်များကို စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်း(၂)မျိုး၏ အခြေခံဝန်ဆောင်မှု သင်တန်းများမှ ရရှိခဲ့သည့် သင်ခန်းစာ၊ ဗဟုသုတ၊ အတွေ့အကြုံများကို လေ့လာသင်ယူခဲ့သော သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း မိမိတို့ လုပ်ငန်းခွင်တွင်အကျိုးရှိရှိပြန်လည်အသုံးချပြီး ပြည်နယ်၏ဂုဏ်ကိုတိုးတက်စေမည့် ဟိုတယ်နှင့် တည်းခိုရိပ်သာများ၏ ဝန်ဆောင်မှု အရည်အသွေးကောင်းများပေးစွမ်းနိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
Subscribe to ကရင်ပြည်နယ်