ကရင်ပြည်နယ်

မြဝတီမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ စာရင်းများကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒေသဝမ်းစာဖူလုံရေး မွေးမြူရေးဇုန်များ ကြည့်ရှုအားပေး

ပြည်နယ်အတွင်း သာယာဝပြောရေးနှင့်ဒေသဝမ်းစာဖူလုံရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မိဇံ(ဝက်/ဆိတ်)မွေးမြူရေးဇုန်နှင့် ဘားအံ(စံဖရီး)မွေးမြူရေးဇုန်တို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

သဘာဝဘေးဒဏ်သင့်ဒေသများရှိ တိရစ္ဆာန်များအတွက် တိရစ္ဆာန်အစာထောက်ပံ့

ကရင်ပြည်နယ်အတွင်း ရာဂီမုန်တိုင်းဒဏ်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် သဘာဝဘေးဒဏ်သင့်ဒေသများရှိ တိရစ္ဆာန်များအတွက် တိရစ္ဆာန်အစာအိတ်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ယာဉ်စည်းကမ်း လမ်းစည်းကမ်း” အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများကိုယ်တိုင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်ပြီး  သိရှိလိုက်နာကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန် ရည်ရွယ်၍  အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယမန်နေ့မွန်းလွဲ  ၂  နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ သောင်ရင်းမြစ်ရေ ဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ မဖြစ်ပေါ်စေရေး  ကြိုတင်အသိပေးနှိုးဆော်

ကရင်ပြည်နယ်၊ မြဝတီခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊  ခရိုင်မီးသတ်ဦးစီးဌာနနှင့်  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  ယနေ့နံနက် ၁၀ နာရီက မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် အမှတ်(၁)၊ (၂)နှင့် (၅)ရပ်ကွက်တို့၌ သောင်ရင်းမြစ်ရေဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်သည်။

ဘားအံ၌ အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်

ကရင်ပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ၊ ကျောင်းစာကြည့်တိုက်များ၊ တက္ကသိုလ်/ကောလိပ်စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် Community Centre တွင် အောက်တိုဘာလ ၃ ရက်နေ့က အခြေခံစာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ကို ဖွင့်လှစ်သည်။

မြဝတီမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှု ကြည့်ရှုအားပေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်မှစ၍ စာရင်းကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကိုယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ရေကြီးနစ်မြုပ်လမ်းတံတားများနှင့် မိုစပါးစိုက်ခင်းများ ပြန်လည်ပြင်ဆင်ထွန်ယက်စိုက်ပျိုးနေမှု ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်သွားသော လမ်း၊တံတားများနှင့် ထိခိုက်ပျက်စီးမိုးစပါးများ မြေဩဇာကြဲပက်ထွန်ယက်စိုက်ပျိုးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to ကရင်ပြည်နယ်