လိပ်သိုမြို့တွင် ဒေသထွက်မျှစ်ပြုတ်များ ရောင်းဝယ်မှု အားကောင်း Read more about လိပ်သိုမြို့တွင် ဒေသထွက်မျှစ်ပြုတ်များ ရောင်းဝယ်မှု အားကောင်း ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် မိုးနှောင်းကာလ မျှစ်များ ရှားပါးလာချိန်၌ ဒေသထွက်မျှစ်ပြုတ်များ ရောင်းဝယ်မှု အားကောင်းလျက်ရှိနေကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာတွင် ရေပြန်လည်ကျဆင်းနေပြီဖြစ်၍ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် လျှပ်စစ်ဓာတ်ခွဲရုံများတွင် စုပေါင်းသန့်ရှင်ရေးဆောင်ရွက် Read more about လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာတွင် ရေပြန်လည်ကျဆင်းနေပြီဖြစ်၍ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် လျှပ်စစ်ဓာတ်ခွဲရုံများတွင် စုပေါင်းသန့်ရှင်ရေးဆောင်ရွက် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာတွင် စက်တင်ဘာလ(၁၂)ရက်နေ့မှ စက်တင်ဘာလ(၁၈)ရက်နေ့အထိ သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် သံလွင်မြစ်ကမ်းပါးရှိ ရပ်ကွက်များနှင့်ကျေးရွာများတွင် ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်တွင် ရေပြန်လည်ကျဆင်းလာပြီးဖြစ်၍ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းနှင့် လျှပ်စစ်ဓါတ်အားခွဲရုံ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲအခမ်းအနားပြုလုပ် Read more about လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲအခမ်းအနားပြုလုပ် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ အခမ်းအနားကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်ကပြုလုပ်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများ စခန်းသွင်းလေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေး Read more about ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများ စခန်းသွင်းလေ့ကျင့်နေမှုများအား ကြည့်ရှုစစ်ဆေး ကရင်ပြည်နယ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ တွန်းအားပေးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ကရင်ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှုနှင့် အားကစားကွင်း၊ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကရင်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့်မိုးသီးနှံများ အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေး နည်းပညာ၊ စက်ယန္တရား၊ မျိုးစပါးနှင့် သွင်းအားစုများ ကူညီပံ့ပိုးပေးသွားမည် Read more about ကရင်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့်မိုးသီးနှံများ အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေး နည်းပညာ၊ စက်ယန္တရား၊ မျိုးစပါးနှင့် သွင်းအားစုများ ကူညီပံ့ပိုးပေးသွားမည် ကရင်ပြည်နယ်အတွင်း နှစ်ကြိမ်တိုင်တိုင်ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် မိုးစပါးနှင့်မိုး သီးနှံများအချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေး မျိုးစပါး၊ သွင်းအားစု၊ နည်းပညာနှင့် စက်ယန္တရားများ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ(၂)၌ ကျင်းပသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေးတိုးတက်မြင့်မားရေးကြီးကြပ်မှုအဖွဲ့၏ (၄/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ကော့ကရိတ်မြို့တွင် အခြေခံစားသုံးသူပြည်သူများအား ဆန်များ ထောက်ပံ့ Read more about ကော့ကရိတ်မြို့တွင် အခြေခံစားသုံးသူပြည်သူများအား ဆန်များ ထောက်ပံ့ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် အခြေခံစားသုံးသူပြည်သူများ နေထိုင်စားသောက်မှုအဆင်ပြေနိုင်စေရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က ကော့ကရိတ်မြို့၊ ဒေါနခန်းမတွင် ဆန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့တွင် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ Read more about ကော့ကရိတ်မြို့တွင် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကော့ကရိတ်မြို့၊ ဒေါနခန်းမတွင် ပြုလုပ်ကျင်းပသည်။
ကော့ကရိတ်မြို့၌ သန်းခေါင်စာရင်းကို မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းသားများက လက်တွေ့ကွင်းဆင်းကောက်ယူ Read more about ကော့ကရိတ်မြို့၌ သန်းခေါင်စာရင်းကို မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းသားများက လက်တွေ့ကွင်းဆင်းကောက်ယူ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို ကော့ကရိတ်မြို့ ဒေါနခန်းမ၌ စက်တင်ဘာ ၁၆ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ဒေသ၏ အဓိကစိုက်ပျိုးရေးထွက်ကုန် ချဉ်ပေါင်ဖာလာများ ဈေးနှုန်းမြင့်တက်လာ၍ ရောင်းဝယ်သူများ အဆင်ပြေ Read more about ဒေသ၏ အဓိကစိုက်ပျိုးရေးထွက်ကုန် ချဉ်ပေါင်ဖာလာများ ဈေးနှုန်းမြင့်တက်လာ၍ ရောင်းဝယ်သူများ အဆင်ပြေ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ၏ အဓိကစိုက်ပျိုးရေး ထွက်ကုန်သီးနှံ တစ်မျိုးဖြစ်သော ချဉ်ပေါင်ဖာလာများမှာ ယခုနှစ်တွင် ဈေးနှုန်း မြင့်တက်လာသဖြင့် တောင်သူများနှင့် ကုန်သည်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အိမ်ခြံဝင်းအတွင်း ဂွေးချိုသီးပင်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ Read more about အိမ်ခြံဝင်းအတွင်း ဂွေးချိုသီးပင်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ အပူချိန်မြင့်သောကျေးရွာများရှိ စိုက်ပျိုးရေးကို စိတ်ဝင်စားသော ဒေသခံအချို့မှာ ဂွေးချိုသီးပင်များကို အိမ်ခြံဝင်းအတွင်း စမ်းသပ်စိုက်ပျိုးလာရာမှ မိသားစုအပိုဝင်ငွေများရလျက်ရှိကြောင်း သိရသည်။