၂၀၂၄-၂၀၂၅ ပညာသင်နှစ် အ.ထ.က(ဝါးတော) ကျောင်း၏ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ဝါးတော)၏ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က အဆိုပါ ကျောင်းဝင်းတွင် ကျင်းပသည်။