ကရင်ပြည်နယ်

လိပ်သိုမြို့တွင် ကျောင်းကောင်စီဥက္ကဋ္ဌဖလားဘောလုံး ဗိုလ်လုပွဲ ကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီကျောင်းတွင်းအားကစားလှုပ်ရှားမှု ကျောင်းကောင်စီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တတိယလုပွဲကို အဆိုပါကျောင်း ဘောလုံးကွင်း၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့၊ မြို့မသာသနာပြု ပရဟိတကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ မြို့မသာသနာပြု ပရဟိတကျောင်း၌ ဌာနဆိုင်ရာများ စုပေါင်းကာ ယနေ့နံနက်ပိုင်းက ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ ဆောင်ရွက်ခဲ့သည်။

လှိုင်းဘွဲမြို့(က)ရပ်ကွက် အောင်မြင်သာယာဘုန်းတော်ကြီးကျောင်း၌  ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်တိုင်းရင်းသားအားလုံးတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သော ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၇)နာရီခွဲအချိန်က လှိုင်းဘွဲမြို့ (က)ရပ်ကွက်၊အောင်မြင်သာယာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဘားအံမြို့နယ်အဆင့် မျိုးဆက်သစ်ရွက်ပုန်းသီးအနုပညာရှင်လူငယ်များ ရွေးချယ်ဖော်ထုတ်

အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ၊ မြန်မာ့ရိုးရာအနုသုခုမပညာရပ်များ တိမ်ကောပပျောက်ခြင်းမရှိစေရေးအတွက် နိုင်ငံတော်နှင့်နိုင်ငံသားများ၏ ရေရှည်အကျိုးကိုရည်မျှော်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ကျင်းပလာခဲ့သည်မှာ ယခုအခါ(၂၅)ကြိမ်မြောက် ငွေရတုသို့ ရောက်ရှိခဲ့ပြီး အထိမ်းအမှတ်အနေဖြင့် ဘားအံမြို့နယ်အဆင့်ပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ရှမ်းရွာသစ်မြို့တွင် အသက်(၆)နှစ်အောက်ကလေးငယ်များအား ဗီတာမင်အာဟာရထုပ်များ တိုက်ကျွေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကလေးသူငယ်များ အာဟာရချို့တဲ့မှုများလျော့နည်းပပျောက်စေရေး၊ အာဟာရလွန်ကဲမှုပြဿနာများကာကွယ်ရေးနှင့် အာဟာရပြည့်ဝမျှတစွာသုံးစွဲနိုင်ရေးအတွက်ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များရှိ အသက်(၆)နှစ်အောက်ကလေးငယ်များအား ဗီတာမင်နှင့်အာဟာရထုပ်များတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီအချိန်တွင် ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကျောင်းသားလူငယ်များအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်သည့်အလေ့အထများ ဖြစ်လာစေရေးအတွက် ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀:၀၀)နာရီက အခြေခံပညာမူလတန်း(လွန်)ကျောင်း၊ အမှတ်(၄)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ အ.မ.ကကျောင်းတွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူနှင့် ကျောင်းသား/သူများများအနေဖြင့် လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးဒေသထွက်ဌက်ပျောသီးများ အထွက်နှုန်းအနည်းငယ်ကျဆင်းသော်လည်း ဈေးကောင်းရရှိ

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်တိုပင်ဖြစ်သော ဌက်ပျောပင်များကိုလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးလုပ်ကိုင်ကြသည်။ ဌက်ပျောပင်များသည် ရာသီမရွေး အသီးသီးသောသီးနှံဖြစ်ပြီး ယခုအချိန်တွင် သံတောင်ကြီးဒေသထွက်ဌက်ပျောသီးများ အထွက်နှုန်းအနည်းငယ်ကျဆင်းသော်လည်း ဈေးကောင်းရရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော လယ်ယာမြေများ ပြန်လည်စိုက်ပျိုးရာတွင် လိုက်နာရမည့်အချက်များ မြေစိုက်နံရံကပ်ပြဘုတ်စိုက်ထူ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ စိုက်ပျိုးရေးဦးစီးဌာနသည် ဒေသနေတောင်သူများအတွက် စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တောင်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မဲသမူးကျေးရွာအုပ်စုရှိ တောင်သူဦးစော မောင်အေး၏ လယ်ယာတွင် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော လယ်ယာမြေများ ပြန်လည်စိုက်ပျိုးရာတွင် လိုက်နာရမည့်အချက်များကို မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသည့် ပေါ‌‌လောက်ကျေးရွာအုပ်စုနှင့် ထီးဖိုးကိန်ကျေးရွာစု ဆက်သွယ်သည့်လမ်းအား ဒေသခံပြည်သူများ စုပေါင်းပြင်ဆင်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပေါလောက်ကျေးရွာအုပ်စုနှင့် ထီးဖိုးကိန်ကျေးရွာအုပ်စုတို့ ဆက်သွယ်ထားသော လမ်းအား (၁)မိုင်၊ (၅)ဖာလုံခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်