ကရင်ပြည်နယ်

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်၊ လမ်းအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အလေးထားလိုက်နာကြစေရန် ယာဉ်၊ လမ်းအန္တရာယ်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှိ သဇင်ဆောင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် (၁၀) နာရီက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးဒေသထွက် ကွမ်းကြမ်းများ မိုးရာသီအချိန်တွင် ဈေးနှုန်းအနည်းငယ် ကျဆင်း

ကရင်ပြည်နယ်၊  ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ  အသက်မွေးကျောင်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ  နှစ်ရှည်ပင်သီးနှံဖြစ်သည့် ကွမ်းရွက်ပင်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ တောင်ပေါ်ကွမ်းကြမ်းများသည် မိုးရာသီအချိန်တွင် စိုက်ပျိုးလျက်ရှိပြီး သစ်ပင်ကြီးများပေါ်တွင်လည်ကောင်း၊ ကွမ်းသီးပင်များပေါ်တွင် တွယ်တက်နိုင်စေရန် စိုက်ပျိုးသည့် နွယ်ပင်တစ်မျိုးဖြစ်သည်။ ကွမ်းကြမ်းပင်များသည် တစ်နှစ်လျှင် (၃) ကြိမ်မှ (၄) ကြိမ်အထိ ခူးယူရောင်းချလျက်ရှိပြီး ယခုလနောက်ဆုံးပတ်တွင် ကွမ်းရွက်ကြမ်းများ ဈေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားမိဘ အစည်းအဝေး ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်  ယနေ့ နံနက်(၉)နာရီ အချိန်က ကျောင်းသားမိဘဆရာ အစည်းအဝေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီအချိန်က အ‌ခြေခံပညာ အထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းပြီး စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ အမှတ်(၂)ရပ်ကွက်ရှိ မြို့ပတ်-မာဒေးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အမှတ်(၂)ရပ်ကွက်ရှိ မြို့ပတ်-မာဒေးလမ်းပိုင်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့က ဇူလိုင်လတွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ပြည်သူများ၊ မော်တော်ယာဉ်များ သွားလာအသုံးပြုလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကလေးသူငယ်များ ကလေးအလုပ်သမားနှင့် ပတ်သက်၍ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ပြင်ပဗဟုသုတတိုးပွားစေရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဒေသနေပြည်သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်တွင် အမှတ်(၂) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများ လူကုန်ကူးမှုပုံစံများအကြောင်းနှင့် ပတ်သက်၍ သိရှိရှောင်ရှားနိုင်ရန် ယနေ့နံနက် ၉ နာရီက လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာစောင် ပြသခြင်းများကို အဆိုပါကျောင်းရှိ သဇင်ဆောင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများ အချိန်မီ ပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေး ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အတွင်း ဇူလိုင်လ တတိယပတ်ခန့်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းပြီး မြစ်ရေချောင်းရေများ စံချိန်တင်မြင့်တက်၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ စိုက်ပျိုးပြီး မိုးစပါးသီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်ခဲ့သည့်အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ထိခိုက်ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများ အချိန်မီ ပြန်လည်ကုစားထွန်ယက်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to ကရင်ပြည်နယ်