ကရင်ပြည်နယ်

ရှမ်းရွာသစ်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့်ကလေးသူငယ်များ ကလေးအလုပ်သမားနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် ထိခိုက်လမ်းပိုင်းများနှင့်စိုက်ပျိုးမြေများအား အချိန်မီပြန်လည်ပြင်ဆင်ထွန်ယက်စိုက်ပျိုးနိုင်ရေးကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အတွင်း ဇူလိုင်လစတုတ္ထပတ်ခန့်မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး မြစ်ရေချောင်းရေများ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိကာ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ပြည်နယ်၏ ဆက်သွယ်ရေးလမ်းပိုင်းများ အနိမ့်ပိုင်းနေရာများနှင့် စိုက်ပျိုးပြီးမြေဧရိယာများ ရေဖုံးလွှမ်းမှုဖြစ်စဉ်များဖြစ်ပွားခဲ့သည့်အတွက် ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထိခိုက်လမ်းပိုင်းများအမြန်ဆုံး ပြန်လည်ပြင်ဆင်ဆောင်ရွက်နိုင်ရေး၊ မိုးစပါးနှင့်မိုးသီးနှံများ အချိန်မီ ပြန်လည်ကုစားထွန်ယက်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပိုင်ကျုံမြို့ အမှတ်(၁)ရပ်ကွက်နှင့် မိုးနိုင်းကျေးရွာ ဆက်သွယ်သည့်တံတားအား ပြန်လည်ဖြတ်သန်းသွားလာနိုင်

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှစ၍ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျ‌ချောင်းရေစီးဆင်းမှုကြောင့် အမှတ်(၁)ရပ်ကွက်နှင့် မိုးနိုင်းကျေးရွာအုပ်စု ဆက်သွယ်ထားသည့် ဒါးကျိုင်းချောင်းတံတားပေါ်သို့ ရေလွမ်းမိုးမှုကြောင့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဒေသခံမွေးမြူရေးတောင်သူများအား တိရစ္ဆာန်အစာ ကောက်ရိုးချဉ်ဖတ်ပြုလုပ်နည်း လက်တွေ့သရုပ်ပြသ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံမွေးမြူရေးတောင်သူများအား တိရစ္ဆာန်အစာများ ရှာဖွေဝယ်ယူအသုံးပြုမှု သက်သာအဆင်ပြေစေပြီး အစာပေါများစေရေးအတွက် ကောက်ရိုးချဉ်ဖတ်ပြုလုပ်နည်း အသိပညာပေးလက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသောပိုင်ကျုံမြို့ အမှတ်(၅)ရပ်ကွက်‌ရှိ ချမ်းမြသာစည်လမ်းအား ပြန်လည်ပြုပြင်

ရေကြီးနစ်မြုပ်ပြီး ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့်ပိုင်ကျုံမြို့ အမှတ်(၅)ရပ်ကွက်ရှိ ချမ်းမြသာစည်လမ်းအား မြို့စည်ပင်သာရေးအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက ပြန်လည်ပြုပြင်လျက်ရှိ ကြောင်း  သိရသည်။

ဘားအံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားပြီး စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ၊ အခြေခံပညာကျောင်းများအရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် မြေပြိုဘေးသင့်နေအိမ်များအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့တွင် မိုးသည်းထန်စွာဆက်လက်ရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခိုက်ခြင်းများကြောင့် သံတောင်ကြီးမြို့ပေါ်ရပ်ကွက်များတွင် မြေပြိုဘေးသင့်နေအိမ်များအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံတက္ကသိုလ်၌ MSME အထောက်အကူပြုအသုံးချပညာရပ်များကို (၁၀)ရက်ကြာအလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဘားအံတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားပြီး စတုတ္ထနှစ်ပြီးမြောက်၍ သက်ဆိုင်ရာဘွဲ့အသီးသီးကို ရရှိပြီးသော  ကျောင်းသား၊ကျောင်းသူများသည် အသုံးချပညာရပ်တစ်ခုကို ကျွမ်းကျင်စွာတတ်မြောက်သွားပြီး လုပ်ငန်းရှင်များအဖြစ်လည်းကောင်း၊ အခြားသောလုပ်ငန်းခွင်များတွင် ကျွမ်းကျင်သူများအဖြစ်လည်းကောင်း၊ အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ တွင် ဦးဆောင်သူများအဖြစ် ပါဝင်ဆောင်ရွက်နိုင်ရန် ယမန်နေ့နံနက်ပိုင်းက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် MSME အထောက်အကူပြု အသုံးချပညာရပ်များ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့တွင်း တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့တွင်း တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပိုင်ကျုံမြို့ဒေါ်လန်းကျေးရွာအုပ်စုအတွင်းရှိ ရေဘေးသင့်ပြည်သူများအား ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (W.F.P) မှ Hight Energy Biscuits များ ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေစီးဆင်းလာမှုနှင့်ချောင်းရေမြင့်တက်လာမှုကြောင့် ရေဘေးသင့် သည့် ဒေါ်လန်း‌ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ အဆင်ပြေစေရန်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(W.F.P)မှ ဩဂုတ်လ ၅ ရက်နေ့က Hight Energy Biscuits များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်