လိပ်သိုမြို့၌ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ ရန်ကြီးအောင်ဘုန်းတော်ကြီးကျောင်း၌ နှစ်စဉ် ကျင်းပမြဲဖြစ်သည့် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို တပ်ရင်း/တပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် လိပ်သိုမြို့နေ ဗုဒ္ဓဘာသာဝင်မိသားစုများစုပေါင်း၍ အောက်တိုဘာ ၇ ရက် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။