ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က မြိုင်ကြီးငူအထူးဒေသ အ.ထ.က(ခွဲ)ကျောင်း၊ စုံချစ်မြိုင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များကွပ်ကဲရေးနှင့် ဗဟိုအကြံပေးရေးအဖွဲ့ ဒုတိယဗိုလ်မှူးကြီး ကျော်ထူး၊ ဘားအံခရိုင် စီမံအုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးအောင်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လှိုင်းဘွဲမြို့နယ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ယာယီနေရပ်စွန့်ခွာသည့် အိမ်ထောင်စုဝင်များ တက်ရောက်ခဲ့ကြသည်။