(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြဝတီခရိုင်ရဲတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြု စုပေါင်းသွေးလှူဒါန်း
၂၀၂၅ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင်ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ် ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်ရဲတပ်ဖွဲ့၊ မြဝတီခရိုင်ရဲတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြုစုပေါင်း သွေးလှူဒါန်းခြင်းကို ယနေ့နံနက် (၈) နာရီတွင် အမှတ်(၄)ရပ်ကွက်၊ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့ကြသည်။