ကရင်ပြည်နယ်

ပိုင်ကျုံမြို့၌ အကြိမ်(၇၀)မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးယိမ်းအက ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်း

၂၀၂၅ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် အကြိမ် (၇၀) မြောက် ကရင်ပြည်နယ်နေ့ကို ဂုဏ်ပြု သောအားဖြင့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရားဒိုးအကပြိုင်ပွဲ၌ ပိုင်ကျုံမြို့ ကိုယ်စားပြု ကရင်ရိုးရာဒုံးယိမ်းအက ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် စက်တင်ဘာ ၁၆ ရက်က ပိုင်ကျုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။

မြဝတီမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲ ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ခရိုင်မီးသတ်ဦးစီးဌာနမှ အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၁) အ ခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက် လေ့ကျင့်မှု သရုပ်ပြပွဲကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

သံတောင်ကြီးမြို့နယ်တွင်  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက် (၁၀) နာရီက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက စက်တင်ဘာ ၁၇ ရက်နေ့ နံနက် (၉) နာရီ၌ အခြေခံပညာအထက်တန်းကျောင်းတွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ အောင်သင်း ရေးသားသော “ မျိုးဆက်သစ်ရဲ့ မဟာမိတ် ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် ရာသီပေါ်သီးနှံဖြစ်သည့် ဂေါ်ရခါးသီးများလှိုင်လှိုင်ထွက်ရှိသော်လည်း ဝယ်လိုအားကျဆင်း

ကရင်ပြည်နယ်၊  ဘားအာခရိုင်၊  သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းကြောင်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြရာ သံတောင်ကြီးမြို့တွင် အိမ်တိုင်းလိုလိုပင် ဂေါ်ရခါးပင်များကို စင်ထိုးပြီးတစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခုစက်တင်ဘာလဒုတိယပတ်တွင် ရာသီပေါ်သီးနှံဖြစ်သည့် ဂေါ်ရခါးသီးများလှိုင်လှိုင်ထွက်ရှိသော်လည်း ဝယ်လိုအားကျဆင်းကြောင်း သိရသည်။

ဘားအံမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှုများအား ကွင်းဆင်းကြည့်ရှု

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း မိုးစပါးစီမံကိန်းတွင်ပါဝင်သော ကော့တရုတ်ရကျေးရွာ တက်သစ်စ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ လယ်ယာလုပ်ငန်းခွင်တွင် အောင်နိုင်တိုးမိုးစပါးစိုက်ပျိုးနေမှုကို  ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်အေးပွင့်နှင့် တာဝန်ရှိသူများက စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုသည်။

မြဝတီမြို့၌  “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်” အခမ်းအနား ကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြဝတီခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနကကြီးမှူး၍ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ (၁၆) ရက်နေ့နံနက် ၉ နာရီတွင် မြဝတီမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဘားအံမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်များကြောင့် နိုင်ငံအသီးသီးတွင် ငလျင်ဘေးအန္တယ်ရာယ် အပါအဝင် သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပေါ်ကြုံတွေ့နေရပြီး ထိုသို့သော သယာဝဘေးအန္တရာယ်များကို တုန့်ပြန်ရင်ဆိုင်ကြမည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်ပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်ဖွင့်လှစ်သည့် အခြေခံ ရှာဖွေကယ်ဆယ်ရေးနှင့် စက်လှေမောင်းသင်တန်း (၁/၂၀၂၅) ဆင်းပွဲကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဘားအံခရိုင်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပသည်။

လိပ်သိုဒေသရှိ ဇလဲကျေးရွာ၌ မြေပဲများ ရိတ်သိမ်းရောင်းချလျက်ရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဇလဲကျေးရွာ၌ စိုက်ပျိုးထားသော မြေပဲခင်းများမှာ ရိတ်သိမ်းရောင်းချချိန် စျေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်