ကရင်ပြည်နယ်

ငပုတောမြို့နယ် တမန်ချောင်းကျေးရွာအုပ်စုတွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားကျင်းပ

ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ဒီဇင်ဘာလ ၁၉ ရက်‌နေ့က ငပုတောမြို့နယ် တမန်‌ချောင်းကျေးရွာတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးရဲလင်းထွန်း၊ အဖွဲ့ဝင်ဦးသန်းဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တမန်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကရင်တိုင်ရင်းသားများ တက်ရောက်ကြသည်။

ဘားအံမြို့ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ(တတိယအပတ်) ပါဝင်ဆင်နွှဲကြသူများစည်ကား

ကိုယ်လက်လှုပ်ရှားအားကစား ကျန်းမာရေးလေ့ကျင့်ခန်းများဆောင်ရွက်ခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းစီမှသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်လာစေရေး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ တတိယအပတ်ကို ယမန်နေ့ နံနက် ၅ နာရီခွဲက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဝန်ကြီးများအိမ်ရာရှေ့တွင် စုရပ်ထား၍ကျင်းပရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားခဲ့သည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီတို့ ဦးဆောင်၍ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှုံမှုဖိုရမ် ၂၀၂၅ ကို ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိရာ ဖိုရမ်သို့တက်ရောက်လာကြသည့် လုပ်ငန်းရှင်များ၏ စကားသံများ

ကရင်သက္ကရာဇ် (၂၇၆၅) ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်

ကရင်သက္ကရာဇ် (၂၇၆၅) ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ သံလွင်မြစ်ကမ်းနဖူး၊ အမှတ် (၃) ရပ်ကွက်၊ မုန့်ညဈေးတန်းနေရာ၌ ကျင်းပသည်။

ဘားအံမြို့၌ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်ကို ယနေ့နံနက်ပိုင်းက ဘားအံတက္ကသိုလ်ရှေ့နှင့် အမှတ် (၃) ရပ်ကွက်၊ မြို့မဘောလုံးကွင်းရှေ့တို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဘားအံမြို့ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ပြီး နှစ်စဉ်ကျင်းပမြဲဖြစ်သော ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘားအံမြို့သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

လိပ်သိုမြို့တွင် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ကရင်နှစ်သစ်ကူးကျင်းပရေးကော်မတီမှဉီးဆောင်၍ ကရင်သက္ကရာဇ် (၂၇၆၄)ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၆)နာရီက ကက်သလစ်သာသနာဝင်းတွင် ကျင်းပပြုလုပ်ရာ တံခွန်တိုင်အဖို၊ အမစိုက်ထူခြင်း၊ ကရင်အမျိုးသားအလံတော်အား လွှင့်တင်အလေးပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်

ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သောကြောင့် မိဘပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးလုံခြုံရေး၊ ပေါ့ဆမီးမဖြစ်ပေါ်စေရေး၊ သဘာဝမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ယမန်နေ့ညနေပိုင်းက မီးသတ်ယာဥ်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၅) နာရီက လှိုင်းဘွဲမြို့ (က) ရပ်ကွက် ကရင်နှစ်သစ်ကူးကွင်း၌ ကျင်းပခဲ့သည်။

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲအထိမ်းအမှတ် ကရင်ရိုးရာပြိုင်ပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လက်ပံကုန်းကျေးရွာတွင် (၅၅) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲအထိမ်းအမှတ် ကရင်ရိုးရာပြိုင်ပွဲများကို ယမန်နေ့ည ၇ နာရီက စတင်ကကျင်းပခဲ့သည်။
Subscribe to ကရင်ပြည်နယ်