ကရင်ပြည်နယ်

လှိုင်းဘွဲမြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများအား UID(Unique Identity)ဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ  အငြိမ်းစားမိဘပြည်သူများအား (ခ)ရပ်ကွက်၊  မြို့မဘုန်းတော်ကြီးကျောင်း၌ UID(Unique Identity) ဆောင်ရွက်‌ပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီက  စတင် ၍ ဆောင်ရွက်ပေးလျက်ရှိသည်။

မြဝတီမြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အောင်မြေရွှေဘုံတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ တတိယအကြိမ်မြောက် စာအောင်ဆုနှင်းသဘင်အခမ်းအနားကျင်းပ

ကရင်ပြည်နယ် ဘားအံမြို့နယ် သုဓမ္မာဂိုဏ်းလုံးဆိုင်ရာ သာသနဓဇအသင်းကြီးမှ ကြီးမှူးကျင်းပသော တတိယအကြိမ်မြောက် စာအောင်ဆုနှင်းသဘင် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တောင်ကလေးကျေးရွာရှိ တောင်ကလေးပရိယတ္တိစာသင်တိုက် ဓမ္မာရုံ ၌ ပြုလုပ်ကျင်းပခဲ့သည်။

သံတောင်ကြီးဒေသထွက် သဘာ၀စစ်စစ်နနွင်းမှုန့် တစ်ပိဿာ ကျပ် ၂၀၀၀၀ ရရှိ

သံတောင်ကြီးဒေသထွက် သဘာဝစစ်စစ် နနွင်းမှုန့်များမှာ ဆေးဖက်ဝင်သည့်အတွက် တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀အထိ ရရှိကြောင်း နနွင်းမှုန့် ထုတ်လုပ်ရောင်းချသူ နော်တောနော်ထံက သိရသည်။

 ၂၀၂၅ ခုနှစတိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်ယှဉ်ပြိုင်

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များသည် ဇူလိုင် ၁၄ ရက် မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ ဇွဲကပင်အားကစား ကွင်း၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီး နှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု(ဂ)ဘားအံဇုန် တတိယပွဲစဉ်အဖြစ် ကရင်ပြည်နယ်ဘောလုံးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့၏  ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများ မိမိကိုယ်ကျိုးစီးပွားအတွက် လူအချင်းချင်းအပေါ် လူကုန်ကူးကာ အမြတ်ထုတ်စီးပွားရှာခြင်းသည် အလွန်ဆိုးရွားကြောင်း သိရှိနိုင်စေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင် ပြသခြင်းကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရှေ့နံရံကပ်ပြဘုတ်၌ ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံတက္ကသိုလ်၌ ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံအဆင့်) သင်တန်းဖွင့်

ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဘားအံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့မှ ကြီးမှူးဖွင့်လှစ်သည့် ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံအဆင့်)သင်တန်း(၁/၂၀၂၅)ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဘားအံတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများရရှိရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ်စာအုပ်စာစောင်များကို အခမဲ့ငှါးရမ်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးဒေသထွက် ငှက်ပျောသီးများ အထွက်နှုန်းကောင်းသော်လည်း ဝယ်လိုအားကျဆင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာအများအားဖြင့် ဉယျာဉ်ခြံလုပ်ငန်းများ ဖြစ်သောဖာလာ၊ ကော်ဖီ၊ တညင်း၊ ဒူးရင်းသီး၊ လက်ဖက်စသည့်  နှစ်ရှည် သီးနှံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် နှစ်တိုပင်သီးနှံဖြစ်သည့် ငှက်ပျော်သီးပင်များကို နှစ်ရှည်ခံပင်များနှင့် ကြားညှပ်၍ စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ ငှက်ပျောသီးများ ကိုတစ်နှစ်လျှင်(၃)ကြိမ်ခုတ်ယူနိုင်ပြီးယခုလ တွင်သံတောင်ကြီး ဒေသထွက် ငှက်ပျောသီးများအထွက်နှုန်းကောင်း သော်ဝယ်လိုအားကျဆင်းကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် သဘာဝဘေးန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသင်း၊ မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ(၁)နာရီအချိန်က မြိုင်ကြီးငူအထူးဒေသ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြသည်။မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အတုယူလေးစားရမည့် အာဇာနည်ခေါင်းဆောင်တို့၏ စိတ်ဓာတ်များ၊ မမေ့သင့်မမေ့အပ်သော အာဇာနည်နေ့၊ အာဇာနည်သူရဲကောင်းတို့၏ ဆောင်ရွက်ချက်များ၊ လွတ်လပ်ရေးအတွက်   ကြိုးပမ်းဆောင်ရွက်မှု၊ လူငယ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေးတို့ကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးရီက မိုးရာသီတွင်ဖြစ်ပေါ် တတ်သော မုန်တိုင်းဘေး၊ ရေဘေး၊ မိုးကြိုးဘေးနှင့်  မြေပြိုဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်ပေါ်ချိန်၊ ဖြစ်ပြီးနောက်တွင် ဆောင်ရွက်ရကြမည့်အချက်များ၊ ရှောင်ကျဉ်ကြရမည့်အကြောင်းများကို    ဟောပြောခဲ့သည်။
Subscribe to ကရင်ပြည်နယ်