ဖာပွန်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပြည်သူ့လွှတ်တော်အတွက်အမည်စာရင်း တင်သွင်းလွှာများ စတင်စိစစ်
ကရင်ပြည်နယ် ဖာပွန်ခရိုင်ကော်မရှင်အဖွဲ့ခွဲသည် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဖာပွန်ခရိုင်အတွင်း ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်နှင့်ပြည်နယ်လွှတ်တော်များအတွက် အမည်စာရင်း တင်သွင်းလွှာများစိစစ်ခြင်းကို စက်တင်ဘာ ၂၄ရက်မှစတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။