လိပ်သိုဒေသတွင် ဂေါ်ရခါးပင်များ စိုက်ပျိုးခြင်းဖြင့် မိသားစု အထောက်အကူပြု
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသခံပြည်သူများမှာ မိုးရာသီကာလ၌ စားဖိုဆောင်သီးနှံအမျိုးမျိုးကို မိမိတို့၏ နေအိမ်ပတ်ဝန်းကျင်နှင့် မြေလွတ်နေရာများ၌ စိုက်ပျိုးလျက်ရှိကြရာ ဂေါ်ရခါးပင်များကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားလျက်ရှိပြီး ဂေါ်ရခါးသီးများ ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုအထောက်အကူပြုလျက်ရှိနေကြောင်း သိရသည်။