ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လျှပ်စစ်ဆိုလာတပ်ဆင်ခြင်းသင်တန်းဖွင့်ပွဲတက်ရောက်
ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှကြီးမှူး၍ ပြည်နယ်အလုပ် သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ)၏ ကြီးကြပ်မှုဖြင့် လျှပ်စစ်ဆိုလာတပ်ဆင်ခြင်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက ဘားအံမြို့နယ်၊ အိန္ဒဲကျေးရွာအုပ်စု၊ ဘုရားလုံကျေးရွာ အရိယာရာ မဘုရားလုံကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။