ဘားအံမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများမှ ရေဘေးရှောင်ပြည်သူ (၁၀၂၁၄) ဦးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်း
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာထက် ၉၁၅ စင်တီမီတာသို့ ကျော်လွန်ပြီး မြစ်ရေလျှံတက်မှုဖြစ်ပွား၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ရေနစ်မြုပ်မှုဖြစ်ပွားလျက်ရှိရာ ပြည်သူ (၁၀၂၁၄) ဦးအား ယာယီရေးဘေးကယ်ဆယ်ရေးစခန်း (၂၃) ၌ ပြောင်းရွှေ့နေရာချထားကြောင်း သိရသည်။