ကရင်ပြည်နယ်

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကာယ၊ ဉာဏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲများ ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်ပတ်သက်၍ အဖွဲ့(၁၃)ဖွဲ့ ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များပေးအပ်ထား

ကရင်ပြည်နယ်အတွင်း အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတွက် ပြည်နယ်အဆင့်ကြီးကြပ်ရေးအဖွဲ့၊ နည်းပညာအထောက်အကူပြုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့များအပါအဝင် အဖွဲ့(၁၃)ဖွဲ့ကို ဖွဲ့စည်းပေးထားပြီး လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များကိုလည်း ရေးဆွဲအတည် ပြုထားပြီးဖြစ်ကြောင်း ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် မဲပေးစက်(MEVM)ဆိုင်ရာ ပြည်နယ်အဆင့်ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး‌ရေးလုပ်ငန်းနှင့် ပြိုင်ပွဲများကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့  လူထုအခြေပြုဗဟိုဌာန၌  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်​နေ့ကို အောက်မေ့သောအားဖြင့် ယနေ့နံနက် ၉ အချိန်က အသိပညာ​ပေး‌ရေးလုပ်ငန်းနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

သံတောင်ကြီးဒေသတွင် ကော်ဖီစိုက်ပျိုးသူများ ပိုမိုများပြားလာ

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်၍ ဉယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင် ကော်ဖီစေ့များ ဈေးကောင်းရရှိခြင်းကြောင့် ဒေသခံပြည်သူများမှာ ကော်ဖီစိုက်ပျိုးချိန်ဖြစ်သည့် ဇူလိုင်လမှဩဂုတ်လအတွင်းကော်ဖီပျိုးပင်များကိုမိမိတို့၏ ဉယျဉ်ခြံမြေများ၌ပိုမိုစိုက်ပျိုးလာကြကြောင်း သိရသည်။

ပိုင်ကျုံမြို့ရှိ အခြေခံပညာကျောင်းများ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ် မြောက်အာဇာနည်​နေ့ အထိမ်းအမှတ် အသိပညာ​ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇူလိုင်လ ၁၆ ရက်နေ့က  အ-မ-က နို့ထို့ခေးနှင့်ပိန္နဲကုန်းကျောင်းတို့၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့ အမှတ် (၅) အခြေခံပညာမူလတန်းလွန်ကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ကျင်းပ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေအ‌အထောက်အကူပြုအဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အမှတ် (၅) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြုလုပ်ကျင်းပသည်။

လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း၌ အသိပညာပေးဟော‌ပြောပွဲ ပြုလုပ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း (မြိုင်ကြီးငူ) အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ အမှတ်စဉ် (၁၀) ၌ တက်ရောက်နေကြသည့် သင်တန်းသူများအား ယမန်နေ့နံနက် (၉) နာရီအချိန်က အသိပညာပေးဟောပြောပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်တွင် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီ၌ ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရေပူကျေးရွာအုပ်စု၊  ထီးလင်းဝင်းသာကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း ကျင်းပခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်၌ မြေလမ်းမှကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ နောင်မြလွဲကျေးရွာအုပ်စု၊ ရေပူ - ထီးဖိုးကိန်-နောင်မြလွဲ ကျေးရွာချင်းဆက်လမ်း မြေလမ်းမှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြေလမ်းမှ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့‌ကြောင်း သိရသည်။

ဘားအံခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၅)ဖွင့်လှစ်

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကရင်ပြည်နယ် ဘားအံခရိုင် ဘားအံမြို့တွင် စာကြည့်တိုက်များရေရှည်ရှင်သန်ဖွံ့ဖြိုး တိုးတက်စေရေး၊ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေး အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၅)ကို ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ဖွင့်လှစ်သည်။
Subscribe to ကရင်ပြည်နယ်