စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှသာ စားရေရိက္ခာဖူလုံပိုလျှံ၍ ဒေသထုတ်ကုန်နှင့်စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မည်
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ (၄/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။